မကွေး-နတ်မောက်-ပျော်ဘွယ် ကားလမ်းတွင် သီးနှံများတင်ဆောင်လာသည့် ကုန်တင်ယာဉ်(၁)စီး ချောက်ထဲထိုးကျတိမ်းမှောက်ကာ (၂) ဦး ဒဏ်ရာရ

0
211

မကွေးတိုင်း ဒေသကြီး၊ နတ်မောက်မြို့နယ်၊ လေးအိမ်ဘူတာကုန်းကျေးရွာ၊ သံလမ်းကွေ့ဇရပ်အနီး၊ မကွေး-နတ်မောက်-ပျော်ဘွယ် ကားလမ်းတွင် သီးနှံများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်(၁)စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ဒီဇင်ဘာ (၁၂) ရက်၊ နံနက် (၅)နာရီ၊ မိနစ်(၂၀) အချိန်ခန့်က သီးနှံများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်(၁)စီး မကွေး – နတ်မောက် – ပျော်ဘွယ် ကားလမ်းတွင် တိမ်းမှောက်ကာ ချောက်ထဲ ထိုးကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်တွင် ကားထဲ၌ လူညပ်နေကြောင်း သတင်းအရ နတ်မောက်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)တို့အား စိတ်ဓာတ်ဖြူစင်ဂရုဏာရှင်များအသင်းမှ ယာဉ်ဖြင့် နတ်မောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here