ယနေ့ MFF AYA Pay Futsal League (I) 2023 ပွဲစဉ်(၃)ကို အသင်းပေါင်း(၁၀) သင်း ယှဉ်ပြိုင်ကစားမည်

0
193

ယနေ့ ဒီဇင်ဘာ (၁၂)ရက် နံနက်ပိုင်းမှစတင်၍ MFF AYA Pay Futsal League (I) 2023 ပွဲစဉ်(၃)ကို အသင်းပေါင်း(၁၀) သင်း ယှဉ်ပြိုင်ကစားလျှက်ရှိကြောင်း သိရသည်။

အုပ်စုအလိုက် ယှဉ်ပြိုင်ကစားမှုကို MFF Futsal ကစားကွင်း၌ ယနေ့ နံနက် (၈)နာရီမှ ညနေ(၃)နာရီ အချိန် အထိ ကစားသွားကြမည်ဖြစ်သည်။

ပွဲစဉ်အတွင်း အုပ်စုအလိုက် ယှဉ်ပြိုင်ရာ၌ MIU FC နှင့် Dream Team FC၊ VUC FC နှင့် M2K FC ၊ Futsal 19 FCနှင့် Futsal Chit Thu FC၊ Linn Latt FC နှင့် Winner Soccer FC၊ Let Wei Thone Nara FCနှင့် Generations FC တို့တွေ့ဆုံ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ် သည်။

ယနေ့ ပွဲဦးထွက် ယှဉ်ပြိုင်မှုတွင် MIU FC နှင့် Dream Team FC တို့ယှဉ်ပြိုင်ကစားရာတွင် MIU FC က နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိထားသည်။

ပြီးစီးခဲ့ပြီဖြစ်သော MFF AYA Pay Futsal League (I) 2023 ပွဲစဉ်(၂)တွင် VUC FC က Winner Soccer FCအသင်းကို (၉-၁)ဂိုးဖြင့်လည်းကောင်း၊ Generations FC အသင်းက Futsal Chit Thu FC ကို ( ၅-၂)ဂိုးဖြင့်လည်းကောင်း၊ Dream Team FCက M2K FC ကို (၅-၄) ဂိုးဖြင့် လည်းကောင်း၊ Futsal 19 FC နှင့် MIU FC တို့က (၃-၃)ဂိုး သရေဖြင့် လည်းကောင်း၊ Let Wei Thone Nara FC က Linn Latt FCကို (၄-၃)ဂိုး ဖြင့် အနိုင်ရရှိထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here