မြန်မာ့လက်ဝှေ့အား ကမ္ဘာကသိလာပြီဖြစ်သည့်အတွက် ဂုဏ်ယူကြောင်း ဒေဝ ပြော

0
285

မြန်မာ့လက်‌ဝှေ့အား ကမ္ဘာကသိလာပြီဖြစ်သည့်အတွက် ဂုဏ်ယူကြောင်း ယမန်နေ့ ဒီဇင်ဘာ (၁၁)ရက်တွင် ဒေဝက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားထားသည်။

ထို့အပြင် က‌မ္ဘောဒီးယား ခွန်ခမာလက်ဝှေ့ကျော် Prom Somnang ကို အလဲမထိုးခြင်းသည် မြန်မာ-
က‌မ္ဘောဒီးယား နှစ်နိုင်ငံအကြား ချစ်ကြည်ရေးပွဲဖြစ်သည့်အပြင် နှစ်နိုင်ငံအလံအား အတူလွှင့်တင်နိုင်၍ သမိုင်းကိုမြှင့်တင်နိုင်ရန် ရည်ရွှယ်သောကြောင့် ဖြစ်သည်ဟု ဆိုသည်။

” ရှင်းရှင်းလင်းလင်း တစ်ခုပြောပါရစေ။ ကျွန်တော် Samnang ကို အခွင့်အရေးပေးပြီး သူ့ကို အလဲမထိုးဘူးဆိုတာ လူတိုင်းသိကြပါတယ် ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ပွဲက နှစ်နိုင်ငံကြား မြန်မာ-ကမ္ဘောဒီးယား ချစ်ကြည်ရေးပွဲမို့ပါ။ ကျွန်တော် သူ့ကို အလဲထိုး နိုင်ပါတယ်။ ပထမအခေါက်က လဲကျအောင် ထိုးလိုက်ထဲက ကျွန်တော် အရမ်းသန်မာနေပြီဆိုတာ သိလိုက်ပြီး အရှိန်လျှော့လိုက်တာပါ။”ဟု ဒေဝ က ပြောသည်။

ယင်း နှစ်နိုင်ငံချစ်ကြည်ရေးပွဲအပြီးတွင် Samnang သည် ​​အလှူငွေ အမေရိကန်ဒေါ်လာ 50,000 ( ကမ္ဘောဒီးယားငွေ သန်း ၂၀၀ ) ကို အလှူငွေ အနေဖြင့် ရရှိခဲ့သည့်အပြင် ဒေါ်လာ 10,000 တန် မြေတစ်ကွက်ကိုပါ ရရှိခဲ့သည်ကို ၎င်း အနေဖြင့် သိရှိကြောင်းဆိုသည်။

‌ယင်းနှင့်ပတ်သက်၍ ဒေဝက စနောက်သည့်သဘောဖြင့် ” ငါ့ရဲ့ကြိုးစားအားထုတ်မှုအတွက် အလှူငွေ ဒါမှမဟုတ် မြေကွက်ကို ဘယ်သူမှ ဘာမှ မပေးခဲ့ဘူး။ဘယ်သူမှငါ့ကိုမြေကွက်မပေးဘူးဆိုတော့ Samnang ငါ ဖနွမ်းပင်ကိုပြန်ရောက်တဲ့အခါ မင်းရဲ့မြေပေါ်မှာ စခန်းချခွင့်ပေးမလား”ဟု နောက်ပြောင်ပြောဆိုထားသည်။

ပြီးခဲ့သော နိုဝင်ဘာ (၅) ရက်က မြန်မာ- ကမ္ဘောဒီးယား နှစ်နိုင်ငံချစ်ကြည်ရေး လက်ဝှေ့ပြိုင်ပွဲကို ဖနွမ်းပင်မြို့ Town TV ခန်းမတွင် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ကြခြင်းဖြစ်ပြီး၊ အဆိုပါပွဲတွင် ဒေဝနှင့် Samnang တို့ပူးတွဲသရေ ရရှိခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here