မြန်မာသည် ကမ္ဘာ့အကြီးဆုံး ဘိန်းဖြူအရင်းအမြစ်ဖြစ်လာဟု ကုလ ပြောကြား

0
252

နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေ ပေါ်ပေါက်​နေတဲ့ မြန်မာမှာ ဘိန်းစိုက်ခင်းတွေများပြားလာခဲ့ပြီး မြန်မာနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ဘိန်းဖြူအရင်းအမြစ် ဒေသဖြစ်လာခဲ့တယ်လို့ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။

အင်္ဂါနေ့ (ဒီဇင်ဘာ ၁၂) က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်ပြစ်မှုဆိုင်ရာရုံး(UNODC) ရဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။

ဘိန်းပန်းပွင့်ရဲ့ ပျှမ်းမျှတန်ဖိုးဟာ တစ်ကီလို ဂရမ်ကို ကန်ဒေါ်လာ ၃၅၅ ခန့်ရှိလာတာကြောင့် မြန်မာတောင်သူတွေဟာ ဘိန်းပင်စိုက်ပျိုးခြင်းကနေ ဝင်ငွေ ၇၅ ရာခိုင်နှုန်းခန့် ပိုရလာကြတယ်လို့ ဆိုပါတယ်။

တဖန် ဘိန်းစိုက်ဧရိယာဟာ တစ်နှစ်ကို ၁၈ ရာခိုင်နှုန်းတိုးလာပြီး ယခင် ၄၀၁၀၀ ဟက်တာကနေ ၄၇၀၀၀ ဟက်တာရှိလာခဲ့ကာ အထွက်နှုန်းဟာ ၂၀၀၁ ခုနှစ်နောက်ပိုင်း နိုင်ငံရဲ့ အမြင့်ဆုံးအနေအထားသို့ တိုးမြင့်လာနိုင်ခြေရှိနေတယ်လို့ UNODC က ဆိုပါတယ်။
        
စီးပွားရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်မှုပိုင်း အားနည်းလာမှုဟာ ဝေးလံသီခေါင်တဲ့ဒေသတွေက တောင်သူတွေကို ဘိန်းနဲ့အသက်မွေး ဝမ်းကျောင်းပြုနေထိုင်မှုဆီ ဆက်လက်ဆိုက်ရောက်စေခဲ့တယ်လို့ UNODC ဌာနေကိုယ်စားလှယ် ဂျာရီမီ ဒေါက်ဂလပ်စ်က ပြေုာဆိုပါတယ်။
       
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ဧရိယာ အကျယ်ပြန့်ဆုံးဖြစ်လာတာဟာ ရှမ်းပြည်နယ် မြောက်ပိုင်း နယ်စပ်ဒေသတွေဖြစ်ပြီး ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့ရှိနေကာ ခေတ်မီဆန်းသစ်တဲ့ စိုက်ပျိုးနည်းစနစ်တွေကြောင့် တစ်ဟက်တာအထွက်နှုန်း ၁၆ ရာခိုင်နှုန်းကနေ ၂၂.၉ ကီလိုဂရမ်နှုန်း တိုးတက်လာခဲ့တယ်လို့ UNODC အစီရင်ခံစာက ဆက်လက်ဖော်ပြခဲ့ပါတယ်။
     
တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေမှုက ဘိန်းစိုက်ပျိုးမှု ချဲ့ထွင်ခြင်းကို အရှိန်မြင့်လာစေလိမ့်မယ်လို့ ဒေါက်ဂလပ်စ်က ပြောဆိုခဲ့ပါတယ်။
      
ဘိန်းစိုက်ပျိုးမှု ချဲ့ထွင်ခြင်းက အဆင့်မြင့် ဓါတုဆေးဝါး ထုတ်လုပ်မှု၊ မှောင်ခိုကူးမှု၊ ငွေကြေးခဝါချမှုမှသည် အွန်လိုင်းလိမ်လည်မှုအဆုံး အခြားသော ရာဇဝတ်မှုလုပ်ငန်းများအပါ အဝင် မြန်မာနိုင်ငံမှာ တရားမဝင်စီးပွားရေးကဏ္ဍကြီးထွားလာစေလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here