ဂါဇာမှာ ထာဝရ နေသွားဖို့ ရည်ရွယ်ချက်မရှိဟု အစ္စရေး ကာကွယ်ရေးဝန်ကြီးပြော

0
210

အစ္စရေးဟာ ဂါဇာကမ်းမြောင်မှာ ထာဝရနေသွားဖို့ ရည်ရွယ်ချက်မရှိဘူးလို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယွတ်ဗ်ဂါလန်က ဒီဇင်ဘာ (၁၁) ရက်မှာ ပြောထားပါတယ်။

အစ္စရေး နိုင်ငံအပေါ် ရန်လိုတဲ့ အဖွဲ့အစည်းမဟုတ်သရွေ့ နယ်မြေထိန်းချုပ်ခွင့်အတွက် ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့လည်း သူက ဆိုခဲ့ပါတယ်။

“ အစ္စရေးအနေနဲ့ ဟားမတ်စ်ကို ချေမှုန်းရေး အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်သွားမှာဖြစ်ပေမယ့် ဂါဇာကမ်းမြောင်မှာ ထာဝရနေသွားဖို့တော့ ရည်ရွယ်ချက် မရှိပါဘူး။ မိမိတို့ လုံခြုံရေး၊ ဂါဇာနယ်စပ်တလျှောက်က မိမိတို့ နိုင်ငံသားတွေရဲ့ လုံခြုံရေးကိုသာ ကျနော်တို့ ဂရုစိုက်ပါတယ်” လို့ဂါလန်က ပြောဆိုပါတယ်။
            
ဒါ့အပြင် လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာစစ်သွေးကြွအုပ်စုနဲ့ သဘောတူညီချက် တစ်ရပ် ရယူဖို့ အစ္စရေးက လမ်းဖွင့်ထားတယ်လို့လည်း ဂါလန်က ဆိုခဲ့ပါတယ်။

အခြေအနေအရ နယ်စပ်တလျှောက် ဘေးကင်းဇုန်နဲ့ သင့်လျော်တဲ့ အာမခံချက်တွေ ပါဝင်သော မည်သည့် သဘော တူညီချက်မျိုးအတွက်မဆို လမ်းဖွင့်ထားတယ်လို့ ဆိုပါတယ်။
          
ဂါဇာရှိ ဟားမတ်စ်အုပ်ချုပ်သူတွေကို ချေမှုန်းရေး လချီ သို့မဟုတ် ဒီထက်ကာလရှည်ကြာတဲ့ တိုက်ပွဲအတွက် ပြင်ဆင်ထားတယ်လို့ အစ္စရေးက ပြောဆိုထားပြီး လေကြောင်းနဲ့ အမြောက်ပစ်ခတ်မှုတွေ ပိုလုပ်ကာ မြေပြင်ထိုးစစ် အရှိန်မြှင့်ခဲ့ပါတယ်။
      
ပဋိပက္ခမှာ အဓိက ကြားဝင်စေ့စပ်သူနေရာယူထားတဲ့ ကာတာက စစ်ပွဲရပ်တန့်ရေးနဲ့ ဓ-ါးစာခံအားလုံး လွတ်မြောက်ရေး ကြိုးပမ်းမှုတွေ ဆက်လုပ်နေတယ်လို့ဆိုခဲ့ပေမယ့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးလိုတဲ့ဆန္ဒတွေကတော့ ယုတ်လျော့လာတယ်လို့ ဆိုခဲ့ပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here