တရုတ်သမ္မတရှီ ဗီယက်နမ်ခရီးစဉ်စတင်

0
147

ဟနွိုင်း၊ဒီဇင်ဘာ ၁၂

အမေရိက၏ဩဇာလွှမ်းမိုးလာမှုကိုချေဖျက်ရန်အတွက် တရုတ်နိုင်ငံသည် ယမန်နေ့တွင် ဗီယက်နမ်နိုင်ငံသို့အလည်အပတ်ရောက်ရှိလာကြောင်းသိရသည်။သမ္မတရှီကျင့်ဖျင်အနေဖြင့် ဗီယက်နမ်သို့ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

စက်တင်ဘာလက ဝါရှင်တန်နှင့်ဟနွိုင်းတို့အကြား နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ခဲ့ပြီးနောက်တွင် တရုတ်သမ္မတရှီသည် ဗီယက်နမ်၏အာဏာရကွန်မြူနစ်ပါတီခေါင်းဆောင်နှင့်လည်းတွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။

သမ္မတရှီသည် ဟနွိုင်းလေဆိပ်သို့ရောက်ရှိပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးကိုတွခိုင်မာ
စေရန်အတွက် တရုတ် – ဗီယက်နမ်ဆက်ဆံရေး၏ အလုံးစုံမဟာဗျူဟာနှင့် ဦးတည်ချက်ဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတကာနှင့်ဒေသတွင်းရှိစိုးရိမ်မကင်းဖြစ်‌သော ဘုံ ကိစ္စရပ်များကိုပါ ဗီယက်နမ်ခေါင်းဆောင်များနှင့်ဆွေးနွေးသွားမည်ဖြစ်ကြောင်းတရုတ်အစိုးရပိုင်မီဒီယာ၌ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာဝမ်ဝမ်ဘင်းကမူ အဆိုပါခရီးစဉ်တွင် တရုတ် – ဗီယက်နမ်ဆက်ဆံရေးအား ပိုမိုမြင့်မားသော အနေအထားသို့ ရောက်ရှိရေးဆိုင်ရာဆွေးနွေးမှုများပါ ပါဝင်မည်ဟုလည်းပြောကြားခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here