ကျိုင်းတုံမြို့ ငုဝါလမ်းရှိ နေအိမ်အဆောက်အဦ တစ်ခုတွင် မီးလောင်မှုဖြစ်ပွား

0
214

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြို့သစ်အပိုင်း(၂)၊ ငုဝါလမ်းရှိ နေအိမ်အဆောက်အဦတစ်ခုတွင် ဒီဇင်ဘာ (၁၂)ရက်၊ ည(၁၁)နာရီ (၅၀) မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှု သတင်းအရ ကျိုင်းတုံခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ကျိုင်းတုံမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ ငြှိမ်းသတ်ရာ ဒီဇင်ဘာ (၁၃) ရက်၊ ညပိုင်း (၀၀)နာရီ (၃၀)မိနစ်ခန့်အချိန်တွင် မီးငြိမ်းခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက် ၍ မီးသတ်တပ်ဖွဲ့မှ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here