မွေးကင်းစ ကလေးငယ်တစ်ဦးကို ခိုင်နှင်းဝေ ဂေဟာရှေ့ လာရောက်စွန့်ပစ်သွားကြောင်း ပရဟိတ မင်းသမီး ခိုင်နှင်းဝေပြော

0
200

မွေးကင်းစ ကလေးငယ်တစ်ဦးကို ပရဟိတမင်းသမီး ခိုင်နှင်းဝေ၏ ဂေဟာရှေ့တွင် လာရောက်စွန့်ပစ်သွားကြောင်း ၎င်း၏ ပြောဆိုချက်အရ သိရသည်။

ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက် (၅) နာရီအချိန်ခန့်က မွေးကင်းစ မိန်းကလေးငယ်တစ်ဦးကို ခြင်းထဲသို့ထည့်ကာ ဂေဟာရှေ့တွင် လာရောက် စွန့်ပစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“မနက် (၅) နာရီလောက် ဂေဟာရှေ့မှာ မွေးကာစ မိန်းကလေး တစ်ဦးကို ခြင်းထဲထည့် တံခါးမှာ ကြို-းနဲ့ ချ-ည်ကာ လာရောက်စွန့်ပစ်ထားပါတယ်။ လိုအပ်တာများ ဆက်လက် စုံစမ်းပြီး ကလေးကို ဆေးစစ်ခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများ ဆက်လက်လုပ်ဆောင်ပေးထားပါတယ်”လို့ ခိုင်နှင်းဝေက လူမှုကွန်ရက်မှ တဆင့် အသိပေးပြောကြားထားခြင်း ဖြစ်သည်။

အဆိုပါ မွေးကင်းစ ကလေးငယ်ကို ခြင်းတောင်းထဲထည့်ပြီး နို့ဘူးနှင့်အတူ လာရောက်စွန့်ပစ်သွားကြောင်းနှင့် လက်ရှိတွင် လိုအပ်သည်များ ဆက်လက် စုံစမ်းပြီး ကလေးကို ဆေးစစ်ခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများ ဆက်လက်လုပ်ဆောင်ပေးထားကြောင်း ခိုင်နှင်းဝေက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here