ဇလန်းစကီး အမေရိက ရောက်စဉ် ဝါရှင်တန်ကရုရှားလက်နက်များကို ပိတ်ဆို့မှုအသစ်ပြုလုပ်

0
270

ဝါရှင်တန်၊ဒီဇင်ဘာ ၁၃

ဘိုင်ဒင်အစိုးရက ရုရှား၊တရုတ်၊တုကီယေးနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့အား စီးပွားရေးနှင့် သံတမန်ရေးရာပိတ်ဆို့အရေးယူမှုများအဖြစ် ရာနှင့်ချီသောလူများနှင့်ကုမ္ပဏီများကို ဒီဇင်ဘာ ၁၂ ရက်တွင်ဒဏ်ခတ်ပိတ်ဆို့ခဲ့ကြောင်းသိရသည်။

ယခုနောက်ဆုံးအကြိမ်ပြုလုပ်သည့် ပိတ်ဆို့အရေးယူမှုသည် ယူကရိန်းသမ္မတအမေရိက သို့ရောက်စဉ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရုရှား – ယူကရိန်းပဋိပက္ခသည်လာမည့်ဖေဖော်ဝါရီတွင် သုံးနှစ်တာကာလသို့ဝင်လာချိန်၌ ယူကရိန်းအား ဘဏ္ဍာရေးအရဆက်လက်ထောက်ပံ့ပေးရန် သမ္မတဇလန်းစကီးကလာရောက်တောင်းဆိုခြင်းလည်းဖြစ်သည်။

သမ္မတဘိုင်ဒင်ကမူ အကယ်၍ လွှတ်တော်အနေဖြင့် ယူကရိန်းသို့ဆက်လက်ထောက်ပံ့မည့်အစီအစဉ်အား အကောင်အထည်မဖော်နိုင်ပါက ယင်းအနေအထားသည် ပူတင်အတွက် ခရစ္စမတ်လက်ဆောင်ပေးသကဲ့သို့ ဖြစ်သွားလိမ့်မည်ဟုလည်း ဇလန်းစကီးအားပြောကြားခဲ့သည်။

သို့သော် အိမ်ဖြူ‌တော်၌ဇလန်းစကီးနှင့်တွေ့ဆုံစဉ် အမေရိကန်သမ္မတက ရီပတ် ဘလစ်ကန်များအနေဖြင့် စစ်ဘေးသင့်ယူကရိန်းအား အမေရိကန်ဒေါ်လာ ၆ ဘီလျံထောက်ပံ့မည့်အစီအစဉ်ကို ကန့်ကွက်ခဲ့လျှင်ပင် ၎င်းတို့အနေဖြင့် ယူကရိန်းဘက်တွင်အမြဲရှိနေမည်ဟုဆိုခဲ့သည်။

ထို့ကြောင့်ပင်သမ္မတဇလန်းစကီးကလည်း ရုရှားနှင့်စစ်ပွဲ၌ ယူကရိန်းအနေဖြင့် ကျိန်းသေပေါက်အနိုင်ရလိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

Source :CNA


LEAVE A REPLY

Please enter your comment!
Please enter your name here