တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ၏ အဝေးသင်ဝင်ခွင့်စာရင်း ထုတ်ပြန်

0
431

တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအနေဖြင့် ဒီဇင်ဘာ (၁၁) ရက်မှစတင်ပြီး အဝေးသင်ဝင်ခွင့်စာရင်းများကို သက်ဆိုင်ရာ ဒီဂရီ‌ ကောလိပ်၊ တက္ကသိုလ်များတွင် ကြည့်ရှု့နိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထို့ပြင် အဆိုပါ အဝေးသင်ဝင်ခွင့် စာရင်းများကို အွန်လိုင်းမှတဆင့် ကြည့်ရှုနိုင်ကြောင်းလည်း အသိပေးထားသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအနေဖြင့် သက်ဆိုင်ရာ ဒီဂရီ‌ကောလိပ်၊ တက္ကသိုလ်များတွင် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရရှိသူများစာရင်းကို ကြည့်ရှုနိုင်မည့်အပြင် အဆင့်မြင့် ပညာဦးစီးဌာန၏ ဝက်ဆိုဒ်တွင်လည်း ကြည့်ရှုနိုင်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၁၆၁,၈၅၀ ဦးအနက် စာမေးပွဲဖြေဆိုအောင်မြင်သူ ၁၀၉,၈၅၀ ဦးရှိခဲ့ပြီး တက္ကသိုလ်ဒီဂရီ‌ ကောလိပ်များအနက် အသက်မွေးဝမ်းကျောင်း‌ဆိုင်ရာ ဒီဂရီ‌ကောလိပ် တက္ကသိုလ်များကို နိုဝင်ဘာလတွင် ဖွင့်လှစ်ထားကြောင်း သိရသည်

ထို့အပြင် အဝေးသင် တက္ကသိုလ်၊ ဒီဂရီများကောလိပ်များကိုလည်း မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ဝင်ခွင့်ရရှိသူများစာရင်းကို ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here