ပါကစ္စတန်ရဲစခန်းတစ်ခုမှာ အ‌ေ-သခံကားဗုံးဖောက်ခွဲမှုဖြစ်ပွားပြီး တပ်ဖွဲ့ဝင် ၂၃ ဦး ‌ေ-သဆုံး

0
187

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းက ရဲစခန်းတစ်ခုရဲ့ အဓိကဂိတ်ပေါက်နေရာမှာ ဒီဇင်ဘာ ၁၂ ရက် အစောပိုင်းက အ‌ေ-သခံဗုံးခွဲသမားတစ်ဦးက ကားဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် တပ်ဖွဲ့ဝင် ၂၃ ဦး ‌ေ-သဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကာ အဆောက်အအုံတစ်စိတ်တစ်ပိုင်း ပြိုကျမှုဖြစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ပါကစ္စတန်နိုင်ငံမှာ ယခုလများအတွင်း လူ‌ေ-သဆုံးမှုအများဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့ပြီး အနီးအနားက လုပ်ငန်းဌာနတွေနဲ့ ဈေးဆိုင်တွေလည်း ထိခိုက်ပျက်စီးမှုဖြစ်ခဲ့ပါတယ်။

ပါကစ္စတန် တာလီဘန်အဖွဲ့ခွဲတစ်ခုလို့ ယုံကြည်ရပြီး ပူပူနွေးနွေး ဖွဲ့စည်းလိုက်တဲ့ စစ်သွေးကြွအုပ်စု Tehreek-e-Jihad Pakistan က တိုက်ခိုက်မှုဟာ ၎င်းတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ရဲစခန်း စီးနင်းတိုက်ခိုက်မှုမှာ အခြား တိုက်ခိုက်ရေးသမား ၆ ဦးလည်း ပါဝင်ခဲ့တယ်လို့ စစ်တပ်နဲ့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပြီး နာရီချီကြာတဲ့ အပြန်အလှန်ပစ်ခဲ့မှုဖြစ်အပြီးမှာ အဆိုပါ ၆ ဦးစလုံး ‌ေ-သဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရခဲ့တဲ့ တပ်ဖွဲ့တွေထဲက အချို့ဟာ အခြေအနေစိုးရိမ်ရပြီး ‌ေ-သဆုံးသူဦးရေ မြင့်တက်လာဖွယ်ရှိနေပါတယ်။ ‌ေ-သဆုံး ဒဏ်ရာရခဲ့သူတွေကို ဒေသတွင်း ဆေးရုံတစ်ခုသို့ ပို့ဆောင်ထားတယ်လို့ အကြီးတန်းရဲအရာရှိတစ်ဦးဖြစ်တဲ့ မိုဟာမက် အဒ္ဒနန်က ပြောဆိုပါတယ်။

အင်္ဂါနေ့က အခင်းဖြစ် ဧရိယာမှာ စစ်ဆင်ရေးများစွာ လုပ်ခဲ့ပြီး တပ်ဖွဲ့ဝင်တွေက စစ်သွေးကြွ ၂၇ ဦးကို အ​‌ေ-သဖမ်းနိုင်ခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က နောက်ပိုင်းမှာ ပြောဆိုပါတယ်။

ဒေသဆိုင်ရာ ရဲအရာရှိ ကာမယ်ခန်းရဲ့ အဆိုအရ တိုက်ခိုက်ခံရတဲ့ ရဲစခန်းဟာ ဒါရာအစ္စမေးလ်ခန်မြို့ရှိ ဒါရာဘန်ရဲစခန်းဖြစ်ပြီး ယင်းမြို့ဟာ အာဖဂန်နစ္စတန်နိုင်ငံနဲ့ထိစပ်နေတဲ့ တစ်ချိန်က ပါကစ္စတန် တာလီဘန်တို့ရဲ့ အခိုင်အမာနယ်မြေ ခိုင်ဘာပက်ရှ်တန်ခွာပြည်နယ်မှာ တည်ရှိကြောင်း သိရပါတယ်။
ဒေသတွင်း ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းကာ အဆိုပါ ဧရိယာရှိ စစ်သွေးကြွတွေအပေါ် ထောက်လှမ်းမှု စစ်ဆင်ရေးလုပ်ဖို့အတွက် ပါကစ္စတန်နိုင်ငံတစ်ဝန်းမှ လုံခြုံရေးတပ်ဖွဲ့တွေကို အခင်းဖြစ်စခန်းမှာ နေရာချထားခဲ့တယ်လို့ ခန်းက ပြောဆိုပါတယ်။

တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စစ်သွေးကြွအဖွဲ့က ရဲစခန်းမှာ ရောက်ရှိနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုခဲ့ပါတယ်။

Ref:AP


LEAVE A REPLY

Please enter your comment!
Please enter your name here