မြန်မာ ယူ ၁၅ လိဂ်ပြိုင်ပွဲ မြန်မာပြည်ချန်ပီယံ ရှမ်း(တောင်) အသင်းကို ဒေသခံများက ဂုဏ်ပြုကြိုဆို

0
176

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ကူညီပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ ပထမဆုံးအကြိမ်အဖြစ် ကြီးမှူးကျင်းပသည့် မြန်မာ ယူ ၁၅ လိဂ်ပြိုင်ပွဲ မြန်မာပြည်ချန်ပီယံ ရှမ်း(တောင်) အသင်းကို ဒေသခံများက ဂုဏ်ပြုကြိုဆိုခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အတက်လမ်း ရှုခင်းသာပန်းခြံမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးလျောက် ထိုမှတဆင့် ပြည်နယ်ကျောက်တိုင်းအားကစားကွင်းအတွင်း ပြုလုပ်ခဲ့ကာ ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား သင်တန်းသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး)မှ ကျောင်းသားကျောင်းသူများ ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ နှင့်ဒေသခံပြည်သူများမှ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

FIFA-MFF U15 Youth League 2023 (မြန်မာ ယူ ၁၅ လိဂ်) ပြိုင်ပွဲမှ အထက်မြန်မာပြည် ချန်ပီယံအသင်း ဖြစ်သည့် ရှမ်း(တောင်) အသင်းနှင့် အောက်မြန်မာပြည် ချန်ပီယံအ သင်းဖြစ်သည့် ရခိုင်ယူနိုက်တက်တို့သည် ပြီးခဲ့သည့် ဒီဇင်ဘာ (၁၁) ရက် ညနေ (၅) နာရီက သုဝဏ္ဏအားကစားကွင်း၌ ယှဥ်ပြိုင်ကစားခဲ့ကြရာ ရှမ်း(တောင်) အသင်းက ရခိုင်ယူနိုက်တက်ကို ၃ ဂိုး ၁ ဂိုးရလဒ်ဖြင့် အနိုင်ရရှိပြီး မြန်မာပြည် ချန်ပီယံဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။

FIFA-MFF U15 Youth League 2023 (မြန်မာ ယူ ၁၅ လိဂ်) ပြိုင်ပွဲကို ဇွန်လ (၂၄) ရက်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မန္တလေးမြို့ (အထက်မြန်မာပြည်ဇုန်) နှင့် ရန်ကုန်မြို့ (အောက်မြန်မာပြည်ဇုန်)တိုတွင် ကျင်းပခဲ့ကာ ပြိုင်ပွဲဝင် အသင်းပေါင်း (၂၁) သင်းပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

မြန်မာ ယူ ၁၅ လိဂ်သည် မြန်မာ့လက်ရွေးစင် အသင်းများနှင့် ပရော်ဖက်ရှင်နယ်လိဂ် ကလပ်အသင်းများအတွက် မျိုးဆက်သစ်ကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပသည့် လူငယ်လိဂ်တစ်ခုဖြစ်ကြောင်း သိရသည်။

Photo – Spedshanstate


LEAVE A REPLY

Please enter your comment!
Please enter your name here