ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလအတွက် ပို့ကုန်သွင်းကုန် ရရှိ‌ငွေ ပမာဏ ကန်ဒေါ်လာ ၁၈ ဒဿမ ၅၀၀ သန်းလျာထား

0
242

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလအတွက် ပို့ကုန်သွင်းကုန် ရရှိ‌ငွေ ပမာဏ အမေရိကန်ဒေါ်လာ ၁၈ ဒဿမ ၅၀၀ သန်းလျာထားပြီး၊ လက်ရှိ ဒီဇင်ဘာ (၁၀)ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၃၇၁ သန်းရရှိထားပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ယခု ဒီဇင်ဘာလအတွက် ပို့ကုန်ဝင်ငွေ တစ်ခုတည်းမှ လျာထားချက်မှာ အမေရိကန်ဒေါ်လာ ၁၆ ဒဿမ ၀၀၀ သန်းနှင့် သွင်းကုန်လျာထားချက်မှာ အမေရိကန်ဒေါိလာ၂ ဒဿမ ၅၀၀ သန်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကုန်သွယ်မှု လျာထားချက် အပေါ် ရရှိဝင်ငွေ ၃၄ ဒဿမ ၄၃၈ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ဆိုသည်။

ယခု ဒီဇင်ဘာလ (၁၀)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက် ပျော ၊ ဖရဲသီး၊ ရော်ဘာ၊ ရှောက်ကောပါကောနှင့် ဧည့်မထဆန်တို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ် အထည် များနှင့် သစ်သီးများ တင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော၊ ရော်ဘာစိမ်း၊ ဖရဲသီး၊ ရှောက်ကောပါကော၊ ဆန် စသည်တို့ကို တင်ပို့နိုင်ခဲ့သည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ Iron Sheet ၊ Iron Pipe၊ Artificial Grass ၊ ပန်းသီး ၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ကြောင်း သိရသည်။

ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်းသည် လက်ရှိတွင် တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here