FIFA-MFF U15 Youth League 2023 ဒုတိယဆု ရရှိထားသော ရခိုင်ယူနိုက်တက်အသင်း ကစားသမားအသစ်များ ထပ်မံခေါ်ယူမည်

0
191

FIFA-MFF U15 Youth League 2023 ပြိုင်ပွဲ၌ ဒုတိယဆု နေရာရရှိထားသော ရခိုင်ယူနိုက်တက်အသင်းအနေဖြင့် ကစားသမားအသစ်များ ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း အဆိုပါ အသင်းထံက သိရသည်။

အသစ် ထပ်မံဖြည့်ဆည်းမည့် ကစားသမားများသည် ယူ- ၁၇ ကစားသမားများနှင့် ယူ-၁၉ ကစားသမားများဖြစ်ပြီး၊ ယူ-၁၇ ကစားသမားတစ်ဦးလျှင် လစာငွေ (၁၅၀,၀၀၀)ကျပ်နှင့် ယူ ၁၉၊ကစားသမားတစ်ဦးလျှင် လစာငွေ(၂၀၀,၀၀၀)ကျပ် ပေးအပ်သွားမည်ဟုဆိုသည်။

ထို့အပြင် ကစားသမားဘဝအာမခံရရှိနိုင်ရေးနှင့်အားကစားကိုပိုမို စိတ်ဝင်စားလာစေရန်ရည်ရွယ်ပြီး၊ မည့်သည့်အရပ်၊မည်သည့်ဒေသက မဆိုလာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

အရွေးခံကစားသမားများအနေဖြင့် နယ်မှဖြစ်ပါက မိဘအုပ်ထိမ်းသူ၏ ထောက်ခံချက်ပါရှိရမည်ဖြစ်ကာ၊ နယ်မှဖြစ်ပါက အထောက်အထားခိုင်လုံရမည်ဖြစ်ပြီးအသင်း၏ စည်းမျဉ်းစည်းကမ်းများလိုက်နာရမည်ဖြစ်သည်။

ရခိုင်ယူနိုက်တက်အသင်း ယူ ၁၇နှင့် ယူ ၁၉ လူရွေးပွဲကို ဒီဇင်ဘာ (၁၇)ရက်နေ့နှင့် ဒီဇင်ဘာ (၁၈)ရက်နေ့တို့တွင် ဗဟန်းမြက်ခင်းတုအားကစားကွင်း M3 စားသောက်ဆိုင်အနီး ကစားကွင်းတွင် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

လာရောက်‌လျှောက်ထားသူများတွင် ထူးချွန်ဆုရ ကစားသမားများနှင့် အကယ်ဒမီကျောင်းဆင်များအားအထောက်အထားခိုင်လုံလျှင် ရွှေးချယ်သွားမည်ဖြစ်သည့်အပြင် အောက်မြန်မာပြည်ချန်ပီယံ ပြည်ထောင်စု ငွေတံဆိပ်ဆုရ ယူ-၁၅ အသင်း၏ ထိုင်းနိုင်ငံခြေစမ်း ပွဲခရီးစဉ်သို့ ခေါ်ယူသွားမည်ဖြစ်ဟုဆိုထားသည်။

ထို့အပြင် အသင်းအတွက် ဒုတိယဆုရယူပေးခဲ့သောယူ- ၁၅ အသင်းမှကစားသမားများအားလုံးကို ယူ ၁၇ ကစား သမားများနည်းတူ လစာငွေ တိုးမြင့်ပေးလိုက်‌ကြောင်း သိရသည်။

ပြီးစီးခဲ့ပြီဖြစ်သော FIFA-MFF U15 Youth League 2023 ပြိုင်ပွဲတွင် မြန်မာပြည် ချန်ပီယံဆုကို Shan FC (Southern) က လည်းကောင်း၊ Runners Up – Rakhine United FC က လည်းကောင်း၊
တတိယ နေရာအား Yarmanya FC က လည်းကောင်း၊ စတုတ္ထနေရာအား Chindwin Stars FCက လည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here