ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) ကို ၂၀၂၅ ခုနှစ်တွင် ပြီးစီးရန် လျာထား

0
226

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ရှိ ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထမံသီတံတားသည် ဟုမ္မလင်းမြို့-လေရှီးမြို့-ပန်ဆပ်-ဆွမ္မရာမြို့လမ်းပေါ်တွင်ရှိပြီး ချင်းတွင်းမြစ်ကို ဖြတ်သည့် သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကြောင်း သိရသည်။

တံတားအရှည် ၈၀၁ မီတာ၊ အကျယ် ၄.၉ မီတာ၊ တံတားအခန်းပေါင်း ၁၅ ခန်း၊ ရေလမ်းကင်းလွတ်အမြင့် ပေ ၄၀ ရှိမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ကို ဆက်သွယ်ပေးမည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နယ်နှင့် လေရှီးမြို့နယ်ရှိ ပြည်သူများအတွက် အိန္ဒိယနိုင်ငံနယ်စပ်အထိ နှစ်နိုင်ငံကူးသန်းသွားလာမှုကို များစွာအထောက်အကူပြုသည့် လမ်းမကြီးပေါ်တွင် တည်ရှိသည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဆွမ္မရာမြို့ ပန်ဆပ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ဒေသဖွံ့ဖြိုးရေးအတွက်များစွာ အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်းမွန်အောင် တည်ဆောက်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးတို့ကို သတိပြု ဆောင်ရွက်ကြရန် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တံတားတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးစဥ် တိုက်တွန်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here