ဖျာပုံမှ ရန်ကုန်စျေးကွက်သို့ နိုဝင်ဘာလအတွင်း ငါးခြောက်ပိဿာချိန် ၉၈,၀၀၀ တင်ပို့ရောင်းချခဲ့

0
412

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ငါးခြောက်မျိုးစုံ ပိဿာချိန် ၉၈,၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဖျာပုံ မြို့နယ် ငါးခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည် အောက်တိုဘာလအတွင်းက ငါးခြောက်မျိုးစုံ ပိဿာချိန် ၅၃,ဝဝဝ ထိသာရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာ (၁) ရက်မှ (၃၀) ရက်အတွင်း ငါးခြောက်မျိုးစုံ ပိဿာချိန် ၄၅,၀၀၀ ထိ တိုးမြှင့်တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တင်ပို့ရောင်းချခဲ့သည့် ငါးခြောက်များသည် အရည်သွေးကောင်းမွန်ကြောင်း ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ဒေသကထွက်တဲ့ ငါးခြောက် မျိုးစုံကို စနစ်တကျထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ ရောင်းချနေပါတယ်။ ငါးခြောက်တွေကတော့ ပြည်တွင်းမှာကို စားသုံးသူများလို့ အဝယ်လိုက်နေတာဖြစ်ပါတယ်”ဟု ပွဲရုံလုပ်ငန်းရှင် ဒေါ်ကြူကြူဝင်းက ဆိုသည်။

ဒေသထွက်ငါးခြောက်မျိုးစုံကို ရန်ကုန်ဈေးကွက်က အဝယ် လိုက်နေသဖြင့် တင်ပို့ ရောင်းချမှု မြင့်တက်ခဲ့ခြင်းဖြစ်ဟု သိရသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ငါးခြောက် အမျိုးအစားသည် ငါးကွမ်းရှပ် (ငါးညို)ခြောက်၊ ငါးလိပ်ကျောက်ခြောက်၊ ငါးပြေမခြောက်၊ငါးဖောင်ရိုးခြောက် စသည့်ငါးခြောက်အမျိုး အစားများကို အများဆုံး တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

အဆိုပါ တင်ပို့ရောင်းချခဲ့သည့် ငါးခြောက် တစ်ပိဿာချင်း ဈေးနှုန်းများမှာ ငါးဖောင်ရိုးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၈၅ဝဝ၊ ငါးကွမ်းရှပ် (ငါးညို) တစ်ပိဿာလျှင် ငွေကျပ် ၄၉၀၀၀၊ ငါးပြေမခြောက် တစ်ပိဿာလျင် ငွေကျပ် ၄၅ဝဝဝ၊ ငါးလိပ်ကျောက်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၄၂၀၀ဝ တို့ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here