ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်တွင် ဝါကျွတ်အပြီး အရောင်းအဝယ်အေးနေ

0
264

ရန်ကုန်မြို့ အိမ်ခြံမြေ အရောင်း အဝယ် ဈေးကွက်တွင် ဝါကျွတ်ကာလအပြီး အထွေထွေ ကုန်ဈေးနှုန်း မြင့်တက်မှု၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းဈေးနှုန်းများ မြင့်တက်မှုကြောင့် အရောင်းအဝယ်အေးနေကြောင်း သိရသည်။

လက်ရှိတွင် အိမ်ခြံမြေဈေးကွက် အေးနေသည့်အတွက် အခြားလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုများ ပြောင်းလဲလုပ်ကိုင်မှုများ ရှိနေကြောင်း ရန်ကုန်မြို့ အိမ်ခြံမြေအရောင်းအဝယ်အေးနေကြောင်း နှစ်ရှည်လုပ်ကိုင်နေသည့် အကျိုးဆောင်လုပ်ငန်းရှင်များထံမှ သိရသည်။

လက်ရှိတွင် ပုံမှန်အရောင်းဝယ်ရှိနေသည့် မြို့နယ်များတွင်လည်း ဩဂုတ်လကုန်ပိုင်းမှ စတင်ကာ အရောင်းအဝယ်အေးပြီး ဝယ်ရောင်းလုပ်ကိုင်သူ အချို့မှာ လုပ်ငန်းရပ်နားထားကြောင်း သိရသည်။

“ရောင်းသူရှိတယ်။ အဝယ်က မရှိဘူး။ အဲဒီတော့ ကိုယ်လည်း အလုပ်မဖြစ်တော့ ရပ်နားထားတယ်။ ရောင်းတဲ့သူဘက်က အမြတ်သိပ်မကျန်ဘူး။ ဒါပေမဲ့ ဈေးကတော့ ကျသွားတာ မရှိဘူး။”ဟု ရန်ကုန်မြို့ အိမ်ခြံမြေ အကျိုးဆောင် လုပ်ကိုင်နေသူ တစ်ဦးက ဆိုသည်။

လက်ရှိတွင် အိမ်ခြံမြေဆောက်လုပ်ပြီး ပြန်ရောင်းသည့် လုပ်ငန်းများသည် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်လာမှုကြောင့် လုပ်ငန်းအချို့ ရပ်နားထားကြောင်း သိရသည်။

အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ၊ သံအစရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ဈေးမြင့်တက်နေရာ ဆောက်လုပ်ရေး လုပ်ကိုင်သူများ နည်းပါးလာကြောင်းလည်း သိရသည်။

အိမ်ခြံမြေဈေးကွက်အပြင် ကွန်ဒိုနှင့်အထပ်မြင့် တိုက်ခန်းများသည်လည်း ကြိုပွိုင့်အရောင်း အဝယ်များသာ ဈေးကွက်ကောင်းနေပြီး ဆောက်လုပ်ပြီးသည့် တိုက်ခန်းအိမ်ခန်းများ အရောင်းအဝယ်ပါးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here