AFC Cup နောက်ဆုံးပွဲမှ နိုင်ပွဲရယူနိုင်ခဲ့သည့် ရှမ်းယူနိုက်တက်

0
208

2023-24 AFC Cup တွင် မြန်မာကိုယ်စားပြုအဖြစ် ယှဥ်ပြိုင်နေသော ရှမ်းယူနိုက်တက် အသင်းသည် Group Stage နောက်ဆုံး ပွဲစဉ်မှ နိုင်ပွဲရယူနိုင်ခဲ့ကြောင်း သိရသည်။

2023-24 AFC Cup (Group Stage) နောက်ဆုံး ပွဲစဉ်အဖြစ် Shan United (Myanmar) နှင့် Phnom Penh Crown (Cambodia) အသင်းတို့သည် ယနေ့ ညနေ (၆) နာရီ (၃၀) မိနစ်က သုဝဏ္ဏအားကစားကွင်း၌ ယှဥ်ပြိုင်ကစားခဲ့ကြရာ ရှမ်းယူနိုက်တက်က ၂ ဂိုး ၁ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့သည်။

ကမ္ဘောဒီးယားကလပ် Phnom Penh Crown အသင်းသည် ပွဲကစားချိန် (၃၁) မိနစ်တွင် ဦးဆောင်ဂိုးစတင်ရရှိခဲ့သော်လည်း ပွဲကစားချိန် ၄၂ မိနစ်တွင် ရှမ်းယူနိုက်တက်ကစားသမား ဘယ်လ်လိုက ချေပဂိုးနှင့် (၄၅) မိနစ်တွင် ရဲရင့်အောင်က ဦးဆောင်ဂိုးသွင်းယူခဲ့သည့်အတွက် ရှမ်းယူနိုက်တက်အသင်း အနိုင်ရခဲ့ခြင်းဖြစ်သည်။

မြန်မာကိုယ်စားပြု ရှမ်းယူနိုက်တက်အသင်းသည် AFC Cup တွင် ဖိလစ်ပိုင်ကလပ် Dynamic Herb Cebu FC၊ ဩစတြေးလျကလပ် Macarthur FC၊ ကမ္ဘောဒီးယားကလပ် Phnom Penh Crown FC တို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး AFC Cup အုပ်စုပွဲစဉ် အားလုံးကစားအပြီးတွင် ရမှတ် ၄ မှတ်သာ ရရှိခဲ့သည့်အတွက် အုပ်စုအဆင့်ဖြင့်သာကျေနပ်ခဲ့ရသည်။

ယနေ့ရလဒ်သည် ရှမ်းယူနိုက်တက်အသင်းအတွက် AFC Cup ယှဥ်ပြိုင်ခဲ့မှု သမိုင်းတလျောက် ပထမဆုံးနိုင်ပွဲရခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Photo – AFC


LEAVE A REPLY

Please enter your comment!
Please enter your name here