ဆောင်းရာသီရောက်ရှိလာသဖြင့် PNLO အခြေပြုဒေသအတွင်း ခိုလှုံနေသော စစ်ရှောင်ပြည်သူများ အ‌နွေးထည်များ လိုအပ်နေ

0
111

ဆောင်းရာသီရောက်ရှိလာသဖြင့် PNLO အခြေပြုဒေသအတွင်း ခိုလှုံနေသော စစ်ရှောင်ပြည်သူများအတွက် အနွေးထည်များ လိုအပ်လျက်ရှိနေကြောင်း PNLO/PNLA က အသိပေးပြောကြားသည်။

စစ်ရှောင်စခန်းများတွင် လာရောက်ခိုလှုံသူ သောင်းချီရှိနေပြီး၊ လက်ရှိတွင် အနွေးထည်နှင့် စောင်အခင်းများလည်း လိုအပ်လျက်ရှိကြောင်း ဆိုသည်။

ယမန့်နေ့ ဒီဇင်ဘာ(၁၄)ရက်တွင် ကရင်နီပြည်နယ်မှ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အခြေပြုဒေသသို့ ခိုလှုံလာသော လူမျိုးဘာသာပေါင်းစုံ စစ်ရှောင်ပြည်သူများအား တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် စားနပ်ရိက္ခာများကို ထပ်မံထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ရှောင်ခိုလှုံသူများကို PNLO အုပ်ချုပ်ရေးဌာနနှင့် အလှူရှင်များ ပူးပေါင်း၍ တတ်နိုင်သမျှ ကူညီပေးလျက်ရှိကြောင်း သိရသည်။

PNLO အခြေပြုဒေသအတွင်း စစ်ရှောင်ခိုလှုံသူများအား နိုဝင်ဘာ (၂၇)ရက်မှစတင်၍ ခိုလှုံခွင့်ပြုခဲ့ခြင်းဖြစ်ပြီး၊ နေရာ ထိုင်ခင်းအပါအဝင် စားနပ်ရိက္ခာများကို (၁၀)ကြိမ်ထက်မနည်း ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here