အင်းစိန်တွင် အငှားယာဉ် တစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ဓာတ်တိုင်အား ဝင်တိုက်မိ၊ ယာဉ်မောင်း အမျိုးသား စိုးရိမ် ဒဏ်ရာရ

0
153

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး ကြို့ကုန်းမီးပွိုင့် MMTM ဆီဆိုင်အနီးတွင် အငှားယာဉ် တစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ဓာတ်တိုင်အား ဝင်တိုက်မိရာ ယာဉ်မောင်း အမျိုးသား အနီရောင် အဆင့် (စိုးရိမ်)ရ ဒဏ်ရာရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့ သိရသည်။

အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး ကြို့ကုန်းမီးပွိုင့် MMTM ဆီဆိုင်အနီးတွင် ယနေ့ ဒီဇင်ဘာ (၁၅) ရက် နံနက်အစောပိုင်း (၀၀) နာရီ (၄၀) မိနစ် အချိန့်ခန့်က အငှားယာဉ် တစ်စီးမှ ယာဉ်မတော်တဆဖြစ်ပွားမှု သတင်းအရ တွဲလက်လူမှုကူညီရေးအဖွဲ့မှ အခင်းဖြစ်ပွားရာသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နေရာအရောက် ယာဉ်မောင်း အမျိုးသား အနီရောင်အဆင့် ဒဏ်ရာ(စိုးရိမ်)ရအား အင်းစိန်မြို့နယ် အရန်မီးသတ်တပ်ရင်းရုံး၊ အင်းစိန် က/ခ အရန်တပ်ဖွဲ့နှင့်အတူ တွဲလက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ကျ VLOUNTEER များမှ မြေပြင် ရှေးဦးပြုစုပေး၍ အချိန်မှီ သယ်ဆောင်ကာ အင်းစိန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here