မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအချိန်ဇယားထုတ်ပြန်

0
639

လာမည့် ၂၀၂၄ ခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စားမေးပွဲအချိန်ဇယားကို ဒီဇင်ဘာလ ၁၅ ရက် ရက်စွဲဖြင့် ပညာရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှထုတ်ပြန်ကြေညာထားသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအချိန်ဇယားမှာ ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့(တနင်္လာနေ့)တွင် မြန်မာစာ၊ ၁၂ ရက်နေ့တွင် အင်္ဂလိပ်စာ၊ ၁၃ ရက်နေ့တွင် သင်္ချာ၊ ၁၄ ရက်နေ့တွင် ဓာတုဗေဒ/ပထဝီဝင်၊ ၁၅ ရက်နေ့တွင် ရူပဗေဒ/သမိုင်း၊ ၁၆ ရက်နေ့တွင် ဇီဝဗေဒ/ဘောဂဗေဒ၊ ၁၈ ရက်နေ့တွင် လူမှုရေးသိပ္ပံ၊ ၁၉ ရက်နေ့တွင် စိတ်ကြိုက်မြန်မာစာ ဖြစ်ပြီး နံနက် (၉) နာရီမှ (၁၂) နာရီအထိဖြေဆိုရမည်ဖြစ်သည်။

စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကိုပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်တွင် စတင်ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း၊ထို့ပြင် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းရာတွင် ဖြေဆိုမည့် ဘာသာတွဲအလိုက် အစိမ်းရောင်နှင့် ပန်းရောင်ဖြေဆိုခွင့်လျှောက်လွှာ၊ ကတ်ပြားပုံစံဖြင့် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။

ယင်းအပြင် စနစ်ဟောင်း နဝမတန်း (Grade-10) အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့သူများနှင့် စနစ်ဟောင်း ဒသမတန်း (Grade 11) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here