သုခဒဂုံအိမ်ရာသို့ YBS ၁၁၈ နှင့် ၉၇ ယာဉ်လိုင်းများ ကနဦးပြေးဆွဲမည်

0
226

ဒဂုံ မြို့သစ်တောင်ပိုင်း မြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာသို့ ဘတ်စ်ကားလိုင်း (၅)လိုင်းပြေးဆွဲသွားရန် လျာထားပြီး ကနဦးတွင် YBS ၁၁၈ နှင့် ၉၇ ယာဉ်လိုင်းများ ပြေးဆွဲပေးရန် စီစဉ်ထားကြောင်း YRTC မှသိရသည်။

လက်ရှိတွင် အဆိုပါ အငှားအိမ်ရာ၌ စတင်နေထိုင်သူများ အဆင်ပြေစေရန်အတွက် YBS ၁၁၈ နှင့် ၉၇ ယာဉ်လိုင်းများ စတင် ဝင်ရောက် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် နေထိုင်မည့် ပြည်သူများအတွက် YBS ယာဉ်လိုင်း(၅)လိုင်း ပြေးဆွဲရန်စီစဉ်ထားခြင်းဖြစ်သည်။

အဆိုပါ အငှားအိမ်ရာတည်ရှိသည့် နေရာသည် ရန်ကုန်မြို့တွင်းနှင့် အနည်းငယ် အလှမ်းဝေးသည့်အတွက် ပြည်သူများသွားရေး လာရေး အဆင်ပြေစေရန် ကုမ္ပဏီ (၄) ခုမှ YBS ယာဉ်လိုင်း (၅) လိုင်းစီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအိမ်ရာဝင်း၌ ယာယီဈေးတစ်ခုကိုလည်း စတင်တည်ဆောက်ရန် ဆောင်ရွက်နေပြီး နောက်ပိုင်းတွင် စူပါမားကတ်များပါ လာရောက်ဖွင့်လှစ်နိုင်သည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီး ဌာနထံမှ သိရသည်။

Photo-Myanmar Builders Guide


LEAVE A REPLY

Please enter your comment!
Please enter your name here