အီးယူမှ ယူကရိန်းအား ယူရို ဘီလီယံ ၅၀ တန် ဘတ်ဂျက်အကူအညီကို လာမည့် ဇန်နဝါရီတွင် အတည်ပြုရန် စီစဉ်နေကြောင်း ဥရောပကောင်စီ ဥက္ကဋ္ဌပြောကြား

0
191

လာမည့်လေးနှစ်အတွင်း ယူကရိန်းအတွက် ဘီလျံ ၅၀ တန် ဘတ်ဂျက်အကူအညီပေးမည့် အစီအစဉ်ကို ဥရောပကောင်စီက အတည်ပြုရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့သော်လည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် အဆိုပါကိစ္စအပေါ် သဘောတူညီမှုရရှိရန် မျှော်လင့်ထားကြောင်း ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ်မီရှဲလ်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဒီကိစ္စကို နောက်နှစ်အစောပိုင်းမှာ ပြန်ပြောင်းပြီး စည်းလုံးညီညွတ်မှုရအောင် ကြိုးစားသွားမှာပါ။”ဟု သူကဆိုသည်။

“ဒီအစီအစဉ်ကို ဟန်ဂေရီနိုင်ငံတစ်ခုတည်းက ဆန့်ကျင်နေတယ်”ဟုလည်း သူကပြောသည်။

ထို့အပြင်၊ ဆွီဒင်သည် ၎င်း၏ပြည်တွင်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ယူကရိန်းနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များအတွက် ၎င်း၏အမျိုးသားပါလီမန်၏ အတည်ပြုချက်ရယူရန် လိုအပ်သည်ဟုလည်းဆိုကြောင်း ချားလ်စ်မီရှဲလ်က ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here