ရန်ကုန် – မန္တလေး ရထားလမ်းပိုင်းမှ ရထားခရီးစဉ်များ ပုံမှန် ပြန်လည်ပြေးဆွဲ

0
174

ရန်ကုန် – မန္တလေး ရထားလမ်းပိုင်းမှ ရထားခရီးစဉ်များ ဒီဇင်ဘာ (၁၅)ရက်မှစတင်၍ မူလအတိုင်း ပုံမှန် ပြန်လည် ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။

ရထား ပြန်လည်ပြေးဆွဲမှု အနေဖြင့် ယနေ့ဒီဇင်ဘာ (၁၅) ရက်တွင် အမှတ်(၂)အစုန် လူစီးစာပို့ရထားနှင့် အမှတ် (၉ ၂၃)အဆန် ကွန်တိန်နာ ကုန်ရထားတို့ ပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန် – မန္တလေး ရထားလမ်းပိုင်းတွင် ရထား ခရီးစဉ်များ ယာယီရပ်နားခဲ့ရခြင်း ဖြစ်ပြီး ပြန်လည်ပြုပြင်ပြီးပြီဖြစ်သည့်အတွက် ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး-ပိန်းဇလုပ်ဘူတာကြားတွင် ဒီဇင်ဘာ (၁၃) ရက်က မိုင်းပေါက်ကွဲမှုဖြစ်ပွားကာ ဇလီဖားတုံးများပျက်ဆီးခဲ့သည့်အတွက် ရထားလမ်းပိုင်းကို ယာယီရပ်နားခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ရထားသံလမ်း (၁၅) ပေခန့်နှင့် ကွန်ကရစ် ဇလီဖားတုံးများ ကွန်ကရစ်ကြမ်းခင်းများပေါက်ထွက်ပျက်စီးမှုများရှိခဲ့ပြီး ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here