အယ်လ်နီညိုဖြစ်စဉ် သက်ရောက်မှုကို လာမည့် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ပိုမိုသတိထားရမည်ဖြစ်ပြီး လာမည့်ရက်များတွင် အအေးပိုလာနိုင်

0
178

လာမည့် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် အယ်လ်နီညိုဖြစ်စဉ်သက်ရောက်မှုကို ပိုမိုသတိထားရမည်ဖြစ်ပြီး လာမည့်ရက်များတွင် အအေးပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောကြားထားသည်။

“လာမယ့် ရက်တွေ အချိန်အခါမဟုတ် မိုးရွာသွန်းတာတွေတော့ နည်းနည်း လျော့နည်းသွားမယ့် အနေအထားရှိတယ်။ မိုးရွာသွန်းမှု လျော့သွားရင် တစ်နည်းအားဖြင့် ပင်လယ်ဘက်က လာတဲ့ ပူ၍ စွတ်စိုတဲ့ လေတွေက လျော့သွားတယ်။ အေးမြခြောက်သွေ့တဲ့ လေက ပိုပြီးတော့ တိုးဝင်လာရင် အပူချိန်တွေ လျော့သွားမှာပေါ့။ အဲ့ဒါကြောင့် လာမယ့်ရက်တွေမှာတော့ မိုးရွာတဲ့ ဖြစ်စဉ်တွေလည်း လျော့သွားမယ်။ အအေးလည်း နည်းနည်းလေး ပိုလာမယ်လို့တော့ ခန့်မှန်းထားတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် အယ်လ်နီညို၏ သက်ရောက်မှု‌ကြောင့်ဆောင်းတွင်း၌ အပူချိန်များသည် အထူးအားဖြင့် မြန်မာနိုင်ငံ မြစ်ဝညကျွန်းပေါ်ဒေသ၊ အထက်ပိုင်းဒေသများကလွဲ၍ ကုန်းမြင့်ဒေသ၊ ချင်း၊ ရှမ်း၊ ကချင်နှင့် မြောက်ပိုင်းဒေသကလွဲ၍ ညအပူချိန်သည် သိသိသာသာ လျော့သည့် အနေအထားမျိုးမရှိသေးကြောင်း သိရသည်။

အယ်လ်နီညိုဖြစ်စဉ် သက်ရောက်မှုကို ဖေဖော်ဝါရီလနှင့် မတ်လတွင် ပိုမိုသတိထားရမည်ဖြစ်ပြီး မြန်မာနိုင်ငံအရှေ့ပိုင်း၊ မြန်မာနိုင်ငံ တောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများ၌ အပူချိန်များ မြင့်တက်မှုကို ပိုမိုခံစားရနိုင်ကြောင်း သိရသ ည်။


LEAVE A REPLY

Please enter your comment!
Please enter your name here