လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများအား နစက ဒုတိယ ဥက္ကဋ္ဌ သွားရောက်တွေ့ဆုံ

0
226

ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲများကြောင့် လားရှိုးမြို့ရှိသီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိခိုလုံနေသည့် စစ်ဘေးရှောင်ပြည်သူများအား နစက ဒုတိယ ဥက္ကဋ္ဌဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

လားရှိုးမြို့သို့ ရောက်ရှိနေသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်သည် ဒီဇင်ဘာ (၁၅) ရက် ညနေပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိခိုလုံနေသည့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်ကြီး အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာကမ္မဌာနာစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပုညနန္ဒအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ရာ ဆရာတော်က ဓမ္မ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် လားရှိုးမြို့တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဒေသခံ ပြည်သူများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပေးအပ်သည့် အဝတ်အထည်များ၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများကို ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ပေးအပ်ခဲ့ရာ ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများ ကိုယ်စား တာဝန်ရှိသူများကလက်ခံရယူခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here