ဂါဇာမှာ ဓ-ါးစာခံ သုံးဦးကို အစ္စရေးစစ်တပ် မှားယွင်း သ-တ်ဖြ-တ်မိခဲ့

0
207

ဂါဇာဒေသမှာ ဟားမတ်စ်တို့ ဖမ်းဆီးထားခဲ့တဲ့ ဓ-ါးစာခံ သုံးဦးကို “ပြန်လည် စိစစ်ဆဲ” အခြေအနေတစ်ခုမှာ အစ္စရေး စစ်တပ်က မှားယွင်းသ-တ်ဖြ-တ်မိခဲ့တယ်လို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၅ ရက်မှာ ပြောဆိုခဲ့ပါတယ်။

ဂါဇာဒေသမှာ စစ်သွေးကြွတွေနဲ့ တိုက်ပွဲအတွင်း ဓ-ါးစာခံသုံးဦးကို မှားယွင်းသ-တ်ဖြ-တ်မိခဲ့ကြောင်းနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း အစ္စရေးစစ်တပ်က ဖော်ပြခဲ့ပြီး ဒီဖြစ်စဉ်အပေါ် လွတ်လပ်ပွင့်လင်းမှုအပြည့်နဲ့ စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ဂါဇာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေခဲ့စဉ်အတွင်း အစ္စရေး ဓ-ါးစာခံသုံးဦးကို အန္တရာယ်ရှိသူတွေအဖြစ် သတ်မှတ်မိခဲ့ပြီး တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့ရာမှာ သူတို့ ‌ေ-သဆုံးခဲ့ရခြင်းဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

‌ေ-သဆုံးခဲ့သူတွေဟာ အစ္စရေးရဲ့ မတူညီတဲ့ အရပ်ဒေသတွေကနေ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခံရသူတွေဖြစ်ကြောင်း စစ်တပ်က နာမည်တွေနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။ သူတို့အားလုံးဟာ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တွေရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူတွေဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

ဓါ-းစာခံတွေရဲ့ မိသားစုဝင်တွေကို ကိုယ်စားပြုတဲ့ ဓ-ါးစာခံများနဲ့ ပျောက်ဆုံးနေသူများ မိသားစုဝင်များဆိုင်ရာ ဖိုရမ်က ဒီဖြစ်စဉ်အပေါ် ဝမ်းနည်းကြေကွဲရကြောင်း ဆိုခဲ့ပြီး ‌ေ-သဆုံးခဲ့သူတွေရဲ့ အမည်နာမကို အတည်ပြုပေးခဲ့ပါတယ်။

ဂါဇာကမ်းမြောင်စစ်ပွဲကို ဘယ်ပုံဘယ်နည်းနဲ့ မြန်မြန်အရှိန်လျှော့ချသင့်သလဲဆိုတဲ့အပေါ် အစ္စရေးနဲ့ သဘောတူညီချက်မရခဲ့ခြင်းကို သောကြာနေ့မှာ အမေရိကန်က အရိပ်အမြွက်ပြောကြားလာစဉ် ဓ-ါးစာခံတွေ အသ-တ်ခံရမှု ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးက ယခုအချိန်ဟာ မဟာမိတ်များအကြား “အကြေအလည် ဆွေးနွေးရမယ့်” အကြောင်းကိစ္စဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here