မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်ရှိ နေအိမ် (၁) လုံးတွင် Level 1 အဆင့် မီးလောင်မှုဖြစ်ပွား

0
185

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ ရာဘာခြံ (၂) လမ်းရှိ နေအိမ် (၁) လုံးတွင် Level 1 အဆင့်ရှိ မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာ (၁၅)ရက် ည (၁၀) နာရီ (၅၀)မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်မှုအား Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသ ည်။

ထိုသို့ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည (၁၁)နာရီ (၈)မိနစ်ခန့်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here