မလေးရှားနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများ MDAC စနစ်ဖြည့်သွင်းရမည်

0
239

မလေးရှားနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများ အနေဖြင့် လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ MDAC စနစ်ကို မဖြစ်မနေ ဖြည့်သွင်းရမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ စနစ်အား ယခုဒီဇင်ဘာလ (၁)ရက်မှစတင်ကာ (၃၁) ရက်အထိ ကနဦး အကောင်အထည်ဖော်ကာလအဖြစ်ဆောင်ရွက်မည်ဟု မလေးရှားနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားကြောင်းလည်း မြန်မာသံရုံးက အသိပေးထားသည်။

ထို့ကြောင့် မလေးရှားနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားများ အားလုံးသည် လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁) ရက်မှ စတင်ကာ Malaysia Digital Arrival Card (MDAC)အား မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန၏ website ဖြစ်သည့် https:// imigresen- online.imi,gov.my/mdac/ တွင် ဖြည့်စွက်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

သို့သော် သံတမန်နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများ၊ မလေးရှားနိုင်ငံ၌ အမြဲတမ်းနေထိုင်ခွင့်နှင့် ကာလရှည်နေထိုင်ခွင့်လက်မှတ်ကိုင်ဆောင်ထားသူများအား MDAC ဖြည့်စွက်လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here