ဟန်ဂေရီက ဗီတိုအာဏာသုံးပယ်ချထားသော်လည်း ယူကရိန်းအား အကူအညီပေးရန် အီးယူ ကတိပြု

0
148

ဘရပ်ဆဲလ်၊ဒီဇင်ဘာ ၁၆

ဟန်ဂေရီဝန်ကြီးချုပ်က ဗီတိုအာဏာသုံးပယ်ချထားသော်လည်း ယူကရိန်းအပေါ် ပမာဏများပြားသော ကူညီထောက်ပံ့မှု အစီအစဉ်အတွက်၂၀၂၄ ခုနှစ်အဆန်းပိုင်းတွင် အဖြေရှာတွေ့လိမ့်မည်ဟု ယုံကြည်ကြောင်း ဥရောပသမဂ္ဂခေါင်းဆောင်များက ပြောကြားခဲ့သည်။

ရုရှား၏ ကျူးကျော်မှုရှိနေသော်ငြား ယူကရိန်းအား အီးယူအဖွဲ့ဝင်အဖြစ် လက်ခံရေး ဆွေးနွေးမှုများစတင်ရန် ဟန်ဂေရီမှအပ အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံစလုံးက သဘောတူညီခဲ့ကြသည်။

ကိဗ်သည် ရုရှားနှင့်ဖြစ်နေသည့်စစ်၌ ပြည်ပအထောက်အပံ့များကိုသာ အားကိုးနေရပြီး ကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ဒေါ်လာဘီလျံ ၆၀ တန်ဖိုးရှိ အထောက်အကူပေးရေးအစီအစဉ်သည်လည်း လွှတ်တော်၏ ထောက်ခံသဘောတူညီချက်မရသေးပေ။

အီးယူအဖွဲ့ဝင်နိုင်ငံများအကြား ယူကရိန်းအရေးနှင့်ပတ်သက်၍ သဘောထားမတိုက်ဆိုင်မှုများအား အကြေအလည်ဆွေးနွေးနိုင်ရန် နောက်တစ်ကြိမ်ထပ်မံတွေ့ဆုံပြီး အဖွဲ့ဝင် ၂၇ နိုင်ငံလုံး၏ ခြွင်းချက်မရှိထောက်ခံမှုရရန်ကြိုးပမ်းမည်ဟုလည်း အီးယူကော်မရှင်ဥက္ကဌ အူစလာဗွန်ဒါလီယန်ကပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇလန်းစကီးကမူ အီးယူအဖွဲ့ဝင်ဖြစ်ရေးဆွေးနွေးခွင့်ရခြင်းသည် ကိဗ်အတွက် တန်ဖိုးရှိသော အောင်မြင်မှုတစ်ခုဖြစ်ကြောင်းပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here