မလေးရှားရောက် မြန်မာလုပ်သားတစ်ဦး မလေးရှား (၆)လုံး ထီပေါက်ကာ ကံထူးရှင်ဖြစ်ခဲ့

0
1240

မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားတစ်ဦး မလေးရှားနိုင်ငံမှ (၆)လုံးထီပေါက်ကာ ကံထူးရှင်ဖြစ်သွားကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများကို အကူအညီပေးနေသည့် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား)မှ သိရသည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် အလုပ်လာရောက် လုပ်ကိုင်နေသူ မြန်မာနိုင်ငံ မုံရွာခရိုင်၊ ကနီမြို့နယ်မှ မြန်မာလုပ်သား တစ်ဦးသည် ၎င်း၏ ပတ်စ်ပိုစ့် နံပါတ်ကို (၆)လုံးထီ ထိုးရာမှ မြန်မာကျပ်ငွေ သိန်း (၁၅၀၀) ခန့်နှင့် ညီမျှသည့် ရင်းဂစ် (၂၀၀၀၀၀) ကံထူးခဲ့ကြောင်း သိရသည်။

“ကနီသား လူပျိုကြီးက ထီပေါက်လို့ ထုတ်ပေးဖို့ ကျွန်တော်တို့အဖွဲ့ကို အကူအညီတောင်းခံတဲ့အတွက် ဒီနေ့အဆင်ပြေစွာ ထုတ်ပေးခဲ့ပါပြီ။ ကျွန်တော်တို့ နှလုံးလှအသင်း၏ ပရဟိတကူညီမှုများအတွက် အသုံးပြုနိုင်ရန် ကံထူးရှင် လူပျိုကြီးမှ ရင်းဂစ် (၅၀၀၀)ကိုလည်း လှူဒါန်းပေးခဲ့ပါတယ်”ဟု နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား)က ပြောကြားထားသည်။

အဆိုပါ ထီပေါက်သူ မြန်မာလုပ်သား၏ ဆုကြေးငွေ ထုတ်ပေးရန် နှလုံးလှပရဟိတ လူငယ်များသွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား)အသင်းကို အကူအညီတောင်းခဲ့ရာ အသင်းမှ ကူညီထုတ်ယူပေးခဲ့ပြီး ထီပေါက်သူမှ အသင်းသို့ ရင်းဂစ် (၅၀၀၀) လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here