ရန်ကုန်အရှေ့ပိုင်း မြို့နယ်များသို့ တစ်နေ့လျင် သောက်သုံး ရေဂါလန် (၂၂) သန်း YCDC ပေးဝေနေ

0
240

ရန်ကုန်စည်ပင်ဧရိယာတခုလုံးအား တ​နေ့လျှင်​ ရေ ဂါလံ ၂၃၂ သန်း​ပေး​ဝေ​​နေခြင်းတွင် ရန်ကုန်အရှေ့ပိုင်း မြို့နယ်များသို့ တစ်နေ့လျင် သောက်သုံး ရေဂါလန် (၂၂) သန်း ပေးဝေနေကြောင်း အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ သိရသည်။

သောက်သုံးရေ လုံလောက်စွာပေးဝေနိုင်ရန် ရေပေးဝေရေး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်အရှေ့ပိုင်းမြို့နယ်များဖြစ်သည့် ဒဂုံမြို့သစ်လေးမြို့နယ်နှင့် သာကေတ၊ ဒေါပုံမြို့နယ်များအပြင် သီလဝါ အထူးစီးပွားရေးဇုန်သို့ တစ်နေ့လျှင် ရေဂါလန် သန်း (၄၀) ပေးဝေနိုင်ရန်အတွက် လဂွန်းပြင် ရေပေးဝေရေးစီမံကိန်းကို ၂၀၁၄ ခုနှစ် မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေပေးဝေရေးစီမံကိန်းမှတဆင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှ စတင်၍ ပြီးစီးမှု အဆင့်အလိုက် ရေပေးဝေခဲ့ရာ ယခုလက်ရှိ အချိန်တွင် တစ်နေ့လျင် ရေဂါလန် ၂၂ သန်း ပေးဝေနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၄၀ ပြည့်နှစ် Master Plan အရ ရန်ကုန်မြို့ ရေပေးဝေရေးကို ဇုန်စနစ်ဖြင့် ရေပေးဝေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့ကို ရေပေးဝေရေး ဇုန် (၁၀) ခုသတ်မှတ်ထားပြီး DMA Network များဖြင့် ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သောက်သုံးရေလိုအပ်မှုရှိသော ရွှေပင်လုံ အိမ်ရာသို့ ရေပေးဝေရန် ဘဏ္ဍာရေးနှစ်အလိုက် လျာထားဆောင်ရွက်ခဲ့ရာ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ရွှေပင်လုံအိမ်ရာအပိုင်း (၁) နှင့် (၃)၊ ၂၀၂၂-၂၀၂၃ တွင် အပိုင်း (၂)၊ အပိုင်း (၅) နှင့် အပိုင်း (၆)၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အပိုင်း(၄)တို့ကို စတင်ရေ ပေးဝေနေပြီ ဖြစ်ကြောင်း သိရသည်။

ပုံစာ- စက်တင်ဘာ ၂၁ရက် က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လှော်ကားလမ်းတစ်လျှောက် 310mm HDPE ပိုက်လိုင်း ဆက်သွယ်ခြင်းလုပ်ငန်းကိုဆောင်ရွက်ခဲ့စဥ်


LEAVE A REPLY

Please enter your comment!
Please enter your name here