တပ်မတော်ဘောလုံးအကယ်ဒမီကျောင်းပါဝင်သည့် Inter Academy Tournament 2024 ပြိုင်ပွဲ ကျင်းပမည်

0
250

တပ်မတော် ဘောလုံးအကယ်ဒမီကျောင်းအပါအဝင် အကယ်ဒမီကျောင်းများရှိ ကျောင်းသားများသီးသန့် ယှဉ်ပြိုင် ကစားမည့် Inter Academy Tournament 2024 ပြိုင်ပွဲကို ဒီဇင်ဘာ(၂၃)ရက်မှ (၂၇)ရက်နေ့အထိ ငါးရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ဘောလုံးအကယ်ဒမီ‌ကျောင်းများရှိ ကျောင်းသားများပါဝင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

Inter Academy Tournament ပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က နှစ်စဉ်ကျင်းပလေ့ရှိပြီး စာသင်နှစ်အလိုက် အကယ်ဒမီကျောင်းသားများနှင့် နည်းပြများ၏ တိုးတက်မှုများကို စစ်ဆေးရန်၊ အကယ်ဒမီကျောင်းသားများအတွက်ပြိုင်ပွဲ အတွေ့အကြုံကောင်းများရရှိရန်၊ သက်တမ်းအလိုက် လက်‌‌ရွေးစင်အသင်းများအတွက် ကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ဆိုသည်။

ပြိုင်ပွဲတွင် ယူ ၁၁-၁၂၊ ယူ ၁၃-၁၄၊ ယူ ၁၄-၁၅၊ ယူ ၁၅-၁၆ အသင်းများပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မန္တလေးမြို့ရှိဘောလုံးအကယ်ဒမီ လေ့ကျင့်ရေးကွင်း(၁) နှင့် (၂ )များတွင် တစ်ရက် (၄) ပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ်ကြောင်း MFFက အသိပေးကြေညာထားသည်။

ပြိုင်ပွဲတွင် နေပြည်တော်ရှိ တပ်မတော်အကယ်ဒမီကျောင်း ၊ ရန်ကုန်အကယ်ဒမီကျောင်းနှင့် မန္တလေးအကယ်ဒမီကျောင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here