ဘရော်နီကာနှင့် မွေထိုင်း လက်ဝှေ့ကျော် Phayasingha တို့ ဒုတိယအကြိမ် ယှဉ်ပြိုင် ထိုးသ-တ်မည်

0
291

ထိုင်းဘုရင့်ဖလား ချန်ပီယံလုပွဲအတွက် ကယန်းလက်ဝှေ့မယ် ဘရော်နီကာနှင့် မွေထိုင်း လက်ဝှေ့မယ် Phayasingha တို့ ဒီဇင်ဘာ(၂၄)ရက်နေ့တွင် ဒုတိယ အကြိမ်ယှဉ်ပြိုင် ထိုးသ-တ်သွားမည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲအတွက် ပရိတ်သတ်များ လာရောက်အားပေးရန် ဘရော်နီကာ က သူ၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထားသည်။

ယခု ထိုင်းဘရင့်ဖလားချန်ပီယံလုပွဲအတွက် မွေထိုင်းလက်ဝှေ့မယ်က ဘရော်နီကာ အား ထပ်မံစိန်ခေါ်ထိုးသတ်ခြင်းဖြစ်သည်။

ဘရော်နီကာအနေဖြင့် ယခုနှစ်တွင် ပြိုင်ဘက်အား ထပ်မံအနိုင်ရရှိပါက ချန်ပီယံဘွဲ့ကို(၂)နှစ်ဆက်တိုက် ရရှိပြီး၊ သမိုင်းသစ်စာမျက်နှာတစ်ခုရရှိမည့် အခွင့်အလမ်းလည်း ဖြစ်သည်။

ဘရော်နီကာအနေဖြင့် ထိုင်းဖိုက်ကလပ်က ပြုလုပ်သည့် ပွဲစဉ်များတစ်လျှောက် ယှဉ်ပြိုင်ထိုးသ-တ်နေပြီး၊ လက်ရှိအချိန်တွင် ထိုင်းဘုရင့်ဖလား ချန်ပီယံဘွဲ့ကို ခံယူထားသူ ဖြစ်သည်။

ပြီးခဲ့သော နိုဝင်ဘာ (၂၆)ရက်ကလည်းဘရော်နီကာသည် အီရန်နိုင်ငံသူ ဇာရာရှိုကူဟီ (Zahra Shoko)နှင့် ယှဉ်ပြိုင်ထိုးသ-တ်ရာ အနိုင်ရရှိထားသည်။

ဘရော်နီကာသည် လာမည့် ၂၀၂၄ ခုနှစ်အတွင်း One Championshipသို့ သွားရောက်ကစားရန် ဆန္ဒရှိနေပြီး၊ လက်ရှိ Thai Fight ပွဲစဉ်များတွင်(၁၅) ပွဲဆက်အနိုင်ယူထားကာ ပြိုင်ဘက်ကင်းလက်ဝှေ့မယ် တစ်ဦးဖြစ်နေသည်။

ဘရော်နီကာအနေဖြင့် Thai Fight ဖြင့် စာချုပ်သက်တမ်းချုပ်ဆိုထားမှုမှာ တစ်နှစ်ဝန်းကျင်သာ ကျန်ရှိပြီး၊ စာချုပ်သက်တမ်းကုန်ပါက One ဖြင့် လက်တွဲသွားရန်ရှိနေကြောင်းနှင့် One ဘက်ကလည်း ခေါ်ယူရန် ဆန္ဒရှိနေကြောင်း ထိုင်းဖိုက်ကလပ် အသိုင်းအဝိုင်းက သုံးသပ် ပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here