ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသနေရသည့် တပ်မတော်သားများအား သွားရောက်တွေ့ဆုံအားပေး

0
219

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ကာဆေးဝါးကုသမှု ခံယူနေရသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

လားရှိုးမြို့သို့ ရောက်ရှိနေသည့် တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ ဒီဇင်ဘာ (၁၆) ရက် နံနက်ပိုင်းက သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့ သွားရောက်တွေ့ဆုံရာတွင် တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး နှင့် အဖွဲ့ဝင်များသည် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် အရာရှိ ၊ စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များ ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ ဒဏ်ရာရရှိခဲ့သည့်အခြေအနေ ၊ ဆေးဝါးကုသမှု ခံယူနေသည့် အခြေအနေများကို ကြည့်ရှုကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ရာ ဆေးရုံအုပ်ကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့နောက် တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် လာရှိုးမြို့ရှိ နယ်မြေခံတပ်ရင်း/ တ ပ်ဖွဲ့များသို့ရောက်ရှိနေသည့် ရဲမေများနှင့် မိသားစုဝင်များအား လိုက်လံတွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here