နိုင်ငံဂုဏ်ဆောင် တိုက်ကွမ်ဒို ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သော ကျော်မင်းနိုင်အား ကျပ်သိန်း(၁၀၀) ချီးမြှင့်

0
199

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် တိုက်ကွမ်ဒို ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သော ကိုကျော်မင်းနိုင်အား ကျပ်သိန်း(၁၀၀) ချီးမြှင့်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ ဂုဏ်ပြုဆုပေးပွဲကို ယမန်နေ့ ဒီဇင်ဘာ (၁၆)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ၊ သုဝဏ္ဏအားကစားကွင်း ဘူယောင်းရုံး၌ ညစာစားပွဲပြုလုပ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

ဂုဏ်ပြု ညစာစားဂုဏ်ပြုပွဲ၌ တိုက်ကွမ်ဒို (+ ၈၇)ကီလိုတန်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သော ကျော်မင်းနိုင်အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာကော်မတီဥက္ကဌ၊ ဥပဒေချုပ်ဦးဌေးအောင်က ဆုကြေးငွေ ကျပ်သိန်း (၁၀၀) ကို ချီးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့အတူ အတိုက်အားကစားနည်းမှ ကြေးတံဆိပ်ရရှိခဲ့သည့် မိုးပွင့်ဖြူနှင့်မောင်မြင့်ကိုကိုတို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးက ဆုကြေးငွေ ကျပ်သိန်း( ၄၀) ကိုလည်းကောင်း၊ ကကွက်ပြိုင်ပွဲတွင်ကြေးတံဆိပ်ရရှိခဲ့သည့် ကောင်းဇင်ခန့်နှင့်နိူင်းဧကရီစိုးတို့အား၊ မြန်မာနိင်ငံတိုက်ကွမ်ဒိုအားကစားအဖွဲ့ချုပ်ဥက္ကဌဦးမြဟန်က ဆုကြေးငွေ ကျပ်သိန်း(၄၀)ကို လည်းကောင်း အသီးသီးဆုချီးမြှင့်ခဲ့သည်။

ထို့အပြင် အုပ်ချုပ်/နည်းပြအဖွဲ့လေးဦးကိုယ်စား အသင်းအုပ်ချုပ်သူ ဒေါ်ဝါဝါထွန်းနှင့်‌ ဒေါ်ချောကလျာဝင်းတို့အား မြန်မာနိင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်ဒုတိယဥက္ကဌ ဒေါက်တာသန်းဝင်းမှ ဆုကြေးငွေကျပ်သိန်း (၈၀)ကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇) ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက နိုင်ငံဂုဏ်ဆောင် ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်လေးခု ဆွတ်ခူးရရှိခဲခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here