ယီမင်နိုင်ငံနယ်နိမိတ်မှ ပစ်လွှတ်လိုက်သော ဒရုန်း ၁၄ စင်းကို မိမိ ဖျက်သင်္ဘောက ပစ်ချခဲ့ဟု အမေရိကန်ဆို

0
485

ယီမင်နိုင်ငံရှိ ဟူသီထိန်းချုပ်နယ်မြေများမှ ပင်လယ်နီဆီသို့ပစ်လွှတ်လိုက်သော ဒရုန်း ၁၄ စင်းကို အမေရိကန်ဖျက်သင်္ဘောတစ်စင်းက ပစ်ချခဲ့ကြောင်း ပင်တဂွန်က ကြေညာသည်။

ပင်လယ်နီတွင်းရှိ ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS CARNEY က အဆိုပါ ဒရုန်း ၁၄ စင်းကိုပစ်ချခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဒရုန်းများသည် တစ်လမ်းသွားအသေခံဒရုန်းများဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူတို့အကဲဖြတ်ကြသည်။

ယီမင်နိုင်ငံမှ ကျောထောက်နောက်ခံပြုထားသည့် ဟူသီလက်နက်ကိုင်များသည် အောက်တိုဘာ ၇ ရက်က အစ္စရေးနယ်စပ်သို့ ဟားမတ်စ်စစ်သွေးကြွများ ရောက်ရှိလာပြီးနောက်ပိုင်း အစ္စရေးကို ပစ်မှတ်ထားသည့် ဒရုန်းများနှင့် ဒုံးကျည်များဖြင့် ဆက်တိုက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး၊ ယင်းတိုက်ခိုက်မှုများကြောင့် လူပေါင်း ၁,၁၄၀ ခန့် ‌ေ-သဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း အစ္စရေးစာရင်းများအရ သိရသည်။ တိုက်ခိုက်မှုများအတွင်း လူ ၂၄၀ ခန့် ပြန်ပေးဆွဲခံခဲ့ရသည်။

ဟားမတ်စ်များကို ချေမှုန်းပြီး ဓ-ားစာခံများကို ပြန်လည်ခေါ်ဆောင်ရန် အစ္စရေးက ကတိပြုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here