ကလေးတွေကို ငယ်စဉ်ကတည်းက စာဖတ်ကျင့်ရှိအောင် အကျင့်လုပ်ထားတာ ကောင်းတယ် မဝိုင်း (ကံ့ကော်ဝတ်ရည်)

0
205

ma-wine

အိုင်တီနည်းပညာ မဖွံ့ဖြိုးသေး ခင် ကာလများဆီက ကလေးငယ်များမှာ ရွှေသွေး၊ တေဇ၊ မင်္ဂလာမောင်မယ် စတဲ့ ကလေးစာပေတွေနဲ့ တရင်း တနှီး ကျွမ်းဝင်ခဲ့ကြပြီး စာဖတ်ခြင်း ကို စတင်ရင်းနှီးခဲ့ကြပါတယ်။ နည်းပညာ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ စိတ်ဝင်စားဖွယ်ရာ ကဏ္ဍအစုံ စုံ တိုးတက်ထွန်းကားလာတာနဲ့အမျှ ကလေးသူငယ်တွေရဲ့ စိတ်ဝင်စားမှု တွေကလည်း ပျံ့နှံ့ရောက်ရှိသွားခဲ့ပြီး စာပေဖတ်ရှုမှုနှုန်းကျဆင်းလာခဲ့ပါတယ်။ ကလေးစာပေနဲ့ ပတ်သက်ပြီး ကံ့ကော်ဝတ်ရည်စာပေတိုက်မှ ထုတ်ဝေသူ မဝိုင်းကို မေးကြည့်ရာမှာတော့

” ကလေးစာပေလို့ပြောကြတယ်။ ကလေးစာပေလို့ပြောကြတော့ အစ်မ နားလည်တာက ကလေးစာပေမှာ ဘယ်နှနှစ်အရွယ်ကလေးကို ရည်ရွယ် ပါသလဲဆိုတဲ့ မေးခွန်းတော့ရှိတယ်။ အစ်မတို့တိုင်းပြည်မှာ ကလေးစာပေ ထုတ်ဝေတဲ့တိုက်တွေရှိပါတယ်။ သူတို့ လည်း တစ်ပိုင်တစ်နိုင် ထုတ်ကြပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ သေချာစနစ် တကျနဲ့ ကျွန်တော်တို့ တိုက်ကတော့ ဘယ်နှနှစ်ကနေ ဘယ်နှနှစ်အထိ အတွက်တော့ ထုတ်ပါတယ်။ ဘယ် အရွယ်ကနေ ဘယ်အရွယ်အတွက် တော့ ကျွန်တော်တို့တိုက်က ဘယ်လို စာအုပ်တွေ ထုတ်ပါတယ်ဆိုတဲ့ သေ သေချာချာ စနစ်တကျနဲ့ Plan လေးဆွဲပြီး လုပ်ထားတာမျိုးတော့ မမြင်မိသေးဘူး” လို့ မဝိုင်း (ကံ့ကော် ဝတ်ရည်)က ကလေးစာပေနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ပြောပြပါ တယ်။ ကလေးတွေအတွက် စာဖတ် ကျင့်ရှိအောင် ပြုစုပျိုးထောင်ပေးခြင်းကလည်း ကောင်းသော အလေ့အကျင့်ဖြစ်ကြောင်းကို မဝိုင်း (ကံ့ကော်ဝတ်ရည်) က အခုလို မှတ်ချက်ပြု ပြောပြပါတယ်။

” ကလေးတွေကို ငယ်ငယ်ကတည်းက စာဖတ်ကျင့်ရှိအောင် အကျင့်လုပ်တာ ကောင်းတာပေါ့။ တအားလည်း လုပ်သင့်တဲ့အလုပ်ပဲ။ ကလေးကနေ တစ်ဆင့်ပြီးရင် လူငယ် ဖြစ်လာမှာလေ” လို့ သူ့အမြင်ကို မဝိုင်း (ကံ့ကော်ဝတ်ရည်)က ပြောပြခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ သားနှစ်ယောက်အပေါ် မိခင်တစ်ယောက် အနေနဲ့ စာဖတ်ကျင့်ရှိအောင် ပြုစုပျိုး ထောင်ပေးခဲ့ပုံကို မျှဝေပြောပြခဲ့ရာမှာတော့..

” အစ်မရဲ့သားနှစ်ယောက်မှာ သားအကြီးလေးက စာဖတ်တယ်။ ငယ်ငယ်ကတည်းကလည်း စာဖတ် ကျင့်ရှိအောင် ပျိုးထောင်ပေးထား တယ်။ အိမ်ကမိဘတွေကလည်း စာအုပ်တွေကြားထဲမှာနေတာဆို တော့ သူကလည်း ငယ်ငယ်ကတည်း က စာအုပ်တွေကြားထဲမှာ ကြီးပြင်း ခဲ့တာပေါ့။ သားအကြီး ငယ်ငယ်တုန်း က ဂိမ်းတို့၊ လူမှုကွန်ရက်တို့က အား နည်းသေးတယ်။ အင်တာနက်မရှိ သေးဘူး။ တီဗီကတော့ ဖြိုင်ဖြိုင် ပေါ် နေပြီ။ ရုပ်ရှင်လည်းကြည့်၊ စာအုပ် လည်းဖတ်ပေါ့။ သားအငယ် ခေတ် ရောက်တော့ သူ့မှာ တခြား စိတ်ဝင် စားစရာ အာရုံတွေက တော်တော် များသွားတယ်။ သားငယ်က စာဖတ် တာ တော်တော်အားနည်းတယ်။ အဲဒီ တော့ သူ့ကို ဘယ်လိုလုပ် ပေးရသလဲ ဆိုတော့ သူသည် စာအုပ်ဖတ်နေရင် ပြီးရော။ သားငယ်ကို ကဲ ..ဘာ စာ အုပ်ဖတ်ချင်လဲ။ သူစိတ် ဝင်စားတဲ့ စာအုပ်ပေါ့။ သိုင်းစာအုပ် ဖတ်မလား၊ စုံထောက်လား၊ သရဲ တစ္ဆေစာအုပ်ဖတ် မလား၊ ဖတ်ချင်တဲ့ စာအုပ်ဖတ်ပေါ့။ ဒါပေမဲ့ နည်းနည်းကြီးလာတော့ မိဘ တစ်ယောက်အနေနဲ့ ကိုယ့်သားစာဖတ်ဖို့ တော်တော်များများ လုပ်ပေးရတာ ပေါ့။ သူ့မှာ စာဖတ်တဲ့အလေ့ အကျင့် လေး ဖြစ်လာဖို့အတွက်ပေါ့။ နောက် တော့ သူတဖြည်းဖြည်း ဘာဖတ်လာ သလဲဆိုတော့ သော်တာဆွေဖတ်လာ တယ်။ ရယ်ရလို့။ သော်တာဆွေဖတ် ရာကနေ ရွှေဥဒေါင်းဖတ်လာတယ်။ နောက်တော့ စုံထောက် ဦးစံရှား စာ အုပ်ချပေးတယ်။ စုံထောက်ဝတ္ထု ဆိုတော့ ကလေးက စိတ်ဝင်စားတော့ ဖတ်တယ်။ အဲဒီလိုမျိုး စာဖတ်ကျင့် ရလာအောင် တစ်စတစ်စနဲ့ ဆွဲယူ ရတာပေါ့။ ငယ်ငယ်ကတည်းက ကလေးတွေကို အရုပ်တွေကြည့်တတ် ကတည်းက အရုပ်လေးတွေ ပေးကြည့်၊ နောက်တော့ စာနည်း နည်း၊ ပုံများများ အဲဒီလိုဟာမျိုးလေး တွေ ပေးဖတ်ပေါ့။ ဒီလိုနဲ့ တဖြည်း ဖြည်း ဆွဲယူရတာပေါ့” လို့ မိခင် တစ်ယောက်အနေနဲ့ သားသမီးတွေ အပေါ်မှာ စာဖတ်ကျင့်ရှိလာအောင် ပြုစုပျိုးထောင်ခဲ့ပုံကို မဝိုင်း (ကံ့ကော် ဝတ်ရည်) က မျှဝေပြောပြခဲ့ပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here