ဂါဇာရှိ အကြီးဆုံး ဟားမတ်စ်ဥမင်လိုဏ်ခေါင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ဆို

0
263

လေးကီလိုမီတာ(၂.၅ မိုင်ခန့်) ရှည်လျားသည့် ဂါဇာရှိ အကြီးဆုံး ဟားမတ်စ်ဥမင်လိုဏ်ခေါင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ လုံခြုံစိတ်ချရသော ဥမင်လိုဏ်ခေါင်းသည် ကြီးမားသောယာဉ်ကြီးများ ဖြတ်သန်းမောင်းနှင်ရန် လုံလောက်စွာ ကျယ်ဝန်းပြီး လျှပ်စစ်မီး၊ လေဝင်လေထွက်နှင့် ဆက်သွယ်ရေးစနစ်များ တပ်ဆင်ထားကြောင်း IDF မှ ပြောကြားခဲ့သည်။

၎င်းသည် အစ္စရေးနိုင်ငံအတွင်းသို့ မဖြတ်ဘဲ အစ္စရေး-ဂါဇန်နယ်စပ်မတိုင်မီ မီတာ ၄၀၀ အကွာတွင် အဆုံးသတ်မည် ဖြစ်ကြောင်း IDF ကဆိုသည်။

ထိုဥမင်လိုဏ်ခေါင်းသည် ဟားမတ်စ်တို့၏ “မဟာဗျူဟာကျသော အခြေခံအဆောက်အအုံ” ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဖျက်ဆီးပစ်ရမည်ဟုလည်း IDF က ဆိုသည်။

တနင်္ဂနွေနေ့က ထုတ်ပြန်ချက်တွင် IDF မှ ဥမင်လိုဏ်ခေါင်းစနစ်သည် ဟားမတ်စ်ခေါင်းဆောင် Yahya Sinwar ၏အစ်ကိုဖြစ်သူ Muhammad Sinwar ၏ ပရောဂျက်တစ်ခုဖြစ်သည်ဟု IDF က စွပ်စွဲခဲ့သည်။ သို့ရာတွင် ယင်းစွပ်စွဲချက်အတွက် သက်သေအထောက်အထား တစ်ခုမျှ မရှိသေးချေ။

“ဂါဇာကမ်းမြှောင်တစ်လျှောက်ရှိ ဟားမတ်စ်လိုဏ်ခေါင်းပေါင်း ရာနှင့်ချီကို ဖော်ထုတ်ထားပြီး ဖျက်ဆီးရန် လုပ်ဆောင်နေသည်” ဟု IDF က ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here