နှစ်နိုင်ငံနယ်နိမိတ်မျဉ်းကိုဖြတ်လာသည့် တရုတ်မီးပုံးပျံနှစ်လုံးအားတွေ့ရှိဟုထိုင်ဝမ်ဆို

0
204

တိုင်ပေ၊ဒီဇင်ဘာ ၁၈

ထိုင်ဝမ်နှင့်တရုတ်နိုင်ငံအား ပိုင်းခြားထားသည့် အရေးကြီးသောနှစ်နိုင်ငံနယ်စပ်မျဉ်းကို တရုတ်မီးပုံးပျံနှစ်စင်း ဖြတ်ကျော်ပျံသန်းခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၈ ရက်တွင်ပြောကြားခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်းသိရသည်။

ဖေဖော်ဝါရီလကလည်း အမေရိကန်ပိုင်နက်အတွင်းယခုကဲ့သို့ပင် ထောက်လှမ်းရေးမီးပုံးပျံဝင်ရောက်သွားသဖြင့် အမေရိက ကပစ်ချခဲ့ရာ တရုတ်ကမူ ၎င်းမီးပုံးပျံသည် သာမန်အရပ်သုံးမီးပုံးပျံသာဖြစ်သည်ဟုပြန်လည်ချေပခဲ့သည်။

တရုတ်အနေဖြင့် ယခုနှစ်ပိုင်းအတွင်း ထိုင်ဝမ်အားဖိအားပေးကာ စစ်ကစားမှုများတိုးမြှင့်လုပ်ဆောင်ခဲ့သော်လည်း ယခုကဲ့သို့ ထောက်လှမ်းရေးမီးပုံးပျံလွှတ်တင်ခြင်းမှာမူ ရှားပါးသောဖြစ်စဉ်တစ်ခုလည်းဖြစ်သည်။

ထိုင်ဝမ်အနေဖြင့်လာမည့်လတွင်ပြုလုပ်တော့မည့် သမ္မတရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း သတိကြီးကြီးထားနေရပြီး တိုင်ပေနှင့်ဝါရှင်တန်တို့က တရုတ်အား ယခုရွေးကောက်ပွဲတွင် မည်သည့်လွှမ်းမိုးချုပ်ကိုင်မှုကိုမှမပြုလုပ်ရန်လည်းသတိပေးပြောကြားခဲ့သည်။

ထိုင်ဝမ်အား တစ်နေ့နေ့တွင်သိမ်းပိုက်မည်ဟု ကတိပြုထားသည့်ပေကျင်းသည် လွတ်လပ်ရေးရပြီးစ ၂၀၁၆ ခုနှစ်(သမ္မတဆိုင်အင်ဝမ်အာဏာရလာချိန်) မှစ၍ ထိုင်ဝမ်အပေါ် ဖိအားများတိုးမြင့်လာကာ ကျွန်းနားတစ်ဝိုက်သို့ စစ်လေယာဉ်များနှင့်စစ်ရေယာဉ်များပုံမှန်စေလွှတ်စစ်ကစားမှုများလည်းပြုလုပ်ခဲ့သည်။

Source : အေအက်ဖ်ပီ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here