စားအုန်းဆီ ရည်ညွှန်းဈေး ဆက်တိုက်ကျဆင်းလာ

0
192

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် ဆက်တိုက်ကျဆင်းလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်မှ ဒီဇင်ဘာလ (၂၅) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၈၁၀ ကျပ် ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားသည်။

ပြီးခဲ့သည့် တစ်ပါတ်တွင် စားအုန်းဆီရည်ညွှန်းဈေး တစ်ပိဿာ ကျပ် ၄၈၁၅ သတ်မှတ်ထားပြီး ယင်း၏ရှေ့တစ်ပါတ်တွင် တစ်ပိဿာ ၄၉၂၀ ကျပ်ဖြစ်ပြီး ပြင်ပဈေးကွက်တွင်တစ်ပိဿာ ၇၅၀၀ ကျပ်သာရှိတော့ကြောင်း စုံစမ်းသိရှိရသည်။

စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here