အမေရိကန်သမ္မတ ယာဉ်တန်းနဲ့ ကားတစ်စီးတိုက်မိမှုဖြစ်ခဲ့ပြီး သမ္မတ ဘေးကင်း

0
389

ဒီဇင်ဘာ ၁၇ ရက်ညပိုင်းက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်လိုက်ပါလာတဲ့ ယာဉ်တန်းမှ သမ္မတလုံခြုံရေးအဖွဲ့ ယာဉ်တစ်စီးနဲ့ အခြား ကားတစ်စီးတိုက်မိမှုဖြစ်ပွားခဲ့ပြီး သမ္မတ ဘေးကင်းလုံခြုံမှုရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ရိုက်တာသတင်းဋ္ဌာနကို ပြောဆိုခဲ့ပါတယ်။

မစ္စတာ ဘိုင်ဒင်နဲ့ သမ္မတကတော် ဂျေးလ်ဘိုင်ဒင်တို့ဟာ ၎င်းရဲ့ မဲဆွယ်ဋ္ဌာနချုပ်မှ ပြန်ထွက်လာစမှာပဲ ယာဉ်တိုက်မှုနဲ့ ကြုံခဲ့ရတာလို့ သိရပါတယ်။ ဖြစ်စဉ်အတွင်း သမ္မတကတော်ဟာလည်း ဘေးကင်းလုံခြုံမှုရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူက ပြောခဲ့ပါတယ်။

သမ္မတဟာ တကျော့ပြန်ရွေးကောက်ပွဲ မဲဆွယ်အဖွဲ့ဝင်တွေနဲ့ ညစာစားအပြီး ည ၈း၀၇ နာရီမှာ မိုးရွာသွန်းနေတဲ့ Wilmington မြို့လယ် ဘိုင်ဒင်-ဟာရစ္စ ၂၀၂၄ မဲဆွယ်ဋ္ဌာနချုပ်ကနေ ပြန်ထွက်ခွာလာတာဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သမ္မတဟာ သတင်းထောက်တစ်ဦးရဲ့ မေးခွန်းကို ဖြေကြားမှုပြီးနောက် ယာဉ်တန်း မဲဆွယ်ဋ္ဌာနချုပ်ဝင်ပေါက်မှအထွက် လမ်းဆုံမှာ Delaware လိုင်စင်နံပါတ်ပြားတပ် ငွေရောင် ဆီဒင်ကားတစ်စီးက သမ္မတယာဉ်တန်း အကာအရံအဖြစ် လိုက်ပါလာတဲ့ SUV ကားတစ်စီးကို ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

ယာဉ်တိုက်မှုဖြစ်ပြီးနောက် လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့်တွေက သမ္မတကားရှိရာ ရောက်လာကာ သမ္မတကို စောင့်ရှောက်ကာရံပေးခဲ့ကြတာကို ရုပ်သံပြကွက်တွေမှာ တွေ့ရပါတယ်။

ငွေရောင်ဆီဒင်ကားရဲ့ ဘန်ပါထိခိုက်ပျက်စီးမှုဖြစ်ခဲ့ပြီး ကားရပ်တန့်သွားချိန်မှာ လုံခြုံရေးတာဝန်ရှိသူတွေက ကားကို အလျင်အမြန် ဝိုင်းရံထားခဲ့ကြပါတယ်။ အေးဂျင့်တွေက ကားကို ပိတ်ဆို့လိုက်ကြပြီး ‌ေ-သနတ်တွေဆွဲထုတ်ကာ ယာဉ်မောင်းကို ချိန်လျက် လက်မြှောက်အနေအထားနဲ့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြပါတယ်။

ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ ဘိုင်ဒင်တို့ဇနီးမောင်နှံဟာ ဝါရှင်တန်ရှိ သူတို့အိမ်တော်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူက ရိုက်တာကို ပြောဆိုခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here