အကောက်ခွန် သက်သာမည့် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များကို Online CO Application System ဖြင့်ထုတ်ပေးနေ

0
207

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် လွတ်လပ်သော ကုန်သွယ်မှုဒေသသဘောတူစာချုပ်များနှင့် အကောက်ခွန်သက်သာခွင့်အစီအစဉ်များအရ အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များကို Online CO Application System ဖြင့် စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် အာဆီယံ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်အရ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တင်ပို့သော ကုန်စည်များ၏ အကောက်ခွန်သက်သာခွင့်အတွက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်မှ စတင်ကာ အာဆီယံ ပြတင်းတစ်ပေါက်စနစ်မှတဆင့် အချက်အလက် လဲလှယ် ဆောင်ရွက်သည့် e-ATIGA Form D Data Exchange ကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Hard Copy Form D ကို စနစ်ချို့ယွင်းမှု (System Breakdown) ဖြစ်ပွားချိန်တွင်သာ ကိစ္စရပ်အလိုက် စိစစ်၍ ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်အမျိုးအစားများမှာ

  • အာဆီယံနိုင်ငံများသို့ တင်ပို့သည့် ကုန်စည်များအတွက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (ATIGA Form D )၊
    -အာဆီယံနှင့် တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်စည်များအတွက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်(Form E )
    -အာဆီယံ နှင့် ကိုရီးယားနိုင်ငံသို့ တင်ပို့သည့် ကုန်စည်များအတွက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်(Form AK )
    -အာဆီယံ နှင့် ဂျပန်နိုင်ငံသို့ တင်ပို့သည့် ကုန်စည်များအတွက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်(Form AJ )၊
    -အာဆီယံ နှင့် ဩစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံများသို့ တင်ပို့သည့် ကုန်စည်များအတွက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Form AANZ )၊
    -အာဆီယံ နှင့် အိန္ဒိယနိုင်ငံသို့ တင်ပို့သည့် ကုန်စည်များအတွက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်(Form AI)၊
    -အာဆီယံ နှင့် ဟောင်ကောင် (တရုတ်)နိုင်ငံသို့ တင်ပို့သည့် ကုန်စည်များအတွက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်(Form AHK)၊
    -အာဆီယံ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ နှင့် နယူးဇီလန်နိုင်ငံများသို့ တင်ပို့သည့် ကုန်စည်များအတွက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်(Form RCEP)
    စသည်တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တဖက်သတ်အကောက်ခွန်သက်သာခွင့် ခံစားရရှိရန် တင်ပို့သည့် ကုန်စည်များအတွက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များ (PTA CO Forms)၊ ဖွံ့ဖြိုးပြီးနိုင်ငံများမှ ခွင့်ပြုသော တဖက်သတ်အကောက်ခွန်သက်သာခွင့်အစီအစဉ်အတွက် အသုံးပြုသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (GSP Form A)၊ ကိုရီးယားနိုင်ငံမှ ခွင့်ပြုသော တဖက်သတ်အကောက်ခွန်သက်သာခွင့်အတွက် အသုံးပြုသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Korea to LDCs )၊ အိန္ဒိယနိုင်ငံမှ ခွင့်ပြုသော တဖက်သတ်အကောက်ခွန်သက်သာခွင့်အတွက် အသုံးပြုသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Form DFTP (India))၊ တရုတ်နိုင်ငံမှ ခွင့်ပြုသော တဖက်သတ်အကောက်ခွန်သက်သာခွင့်အတွက် အသုံးပြုသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (China to LDCs) တို့ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here