အိန္ဒိယ အပြည်ပြည်ဆိုင်ရာ မီဂါကုန်စည်ပြပွဲကို (၁၈) ရက် ကြာ ကျင်းပနေပြီး ဖွင့်ပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးတင်မိုးမှ ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်

0
139

(၂၂) ကြိမ်မြောက် အိန္ဒိယအပြည်ပြည်ဆိုင်ရာ မီဂါကုန်စည် ပြပွဲကို ဒီဇင်ဘာ (၁၅)ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၁) ရက် အထိ (၁၈) ရက်ကြာ ကျင်းပလျက်ရှိပြီး ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးတင်မိုးက ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃-၂၄ ခုနှစ်၊ (၂၂) ကြိမ်မြောက် အိန္ဒိယ အပြည်ပြည်ဆိုင်ရာ မီဂါကုန်စည်ပြပွဲ (22nd INDIA INTERNATIONAL MEGA TRADE FAIR-IIMTF 2023–24) ၏ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၁၆)ရက်က ညနေ (၄)နာရီတွင် ကော်လ်ကတ္တားမြို့၊ သိပ္ပံမြို့တော် (Science City) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မီဂါကုန်စည်ပြပွဲမှာ အိန္ဒိယနိုင်ငံ၏ အကြီးဆုံး အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲတစ်ခုဖြစ်ပြီး ကုန်စည်ပြပွဲတွင် နိုင်ငံပေါင်း (၁၇) နိုင်ငံနှင့် အိန္ဒိယနိုင်ငံ ပြည်နယ် (၂၂) ခုတို့မှ ပြခန်းပေါင်း (၁၂၀၀)ခန့် ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် အာဖဂန်နစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က မိတ်ဖက်နိုင်ငံများအဖြစ် လည်းကောင်း၊ အီရန်နှင့် ထိုင်းနိုင်ငံတို့က အဓိကနိုင်ငံများ အဖြစ်လည်းကောင်း၊ ဩစတေးလျနှင့် မြန်မာနိုင်ငံတို့က Highlighted Countries အဖြစ်လည်းကောင်း သတ်မှတ်၍ ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ အနောက်ဘင်္ဂလား ပြည်နယ်အစိုးရ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ဝန်ကြီးဌာန ဝန်ကြီး Dr. Shashi Panja၊ Shri၊ အနောက် ဘင်္ဂလားပြည်နယ်အစိုးရ မီးဘေးနှင့် အရေးပေါ် ဝန်ဆောင်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Sujit Bose၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုတိယ မဟာမင်းကြီးရုံးမှ ဒုတိယမဟာမင်းကြီး Janab Andalib Elias၊ ဘင်္ဂလားကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ Mr. Gautam Ray၊ GS Marketing Associates ဥက္ကဋ္ဌ Mr Prakash Shah၊ GS Marketing Associates ၏ အမှုဆောင်အရာရှိချုပ် Mrs. Suparna Dasgupta နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များလည်းတက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here