ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုကို အထူးတရားရုံးချုပ်က ပယ်ချ

0
230

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏အယူခံဝင်မှုကို နိုင်ငံတော်အထူး တရားရုံးချုပ်က ပယ်ချလိုက်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံမှ ရွှေနှင့် ဒေါ်လာများရယူခဲ့သည် ဆိုကာ အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုပြီး ၂၀၂၃ ခုနှစ် ဧပြီလတွင် ထောင်ဒဏ် (၅) နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမှုအား နေပြည်တော်ရှိ ပြည်‌ထောင်စုတရားရုံးချုပ်တွင် အယူခံဝင်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာ (၁၈) ရက်တွင် တံခါးပိတ် စစ်ဆေးကာ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ စုံစမ်း သိရသည်။

” ဟုတ်တယ် ။ ပယ်ချလိုက်တယ်” ဟု နေပြည်တော်ရှိတရားရုံးနှင့် နီးစပ်သူအသိုင်းအဝိုင်းမှ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆို အမိန့်ချထားသည့် အမှုများကို နေပြည်တော် တရားရုံးချုပ်တွင် အထူးအယူခံဝင်နေခြင်းဖြစ်ပြီး နောက် (၅) မှု ဆက်လက်စစ်ဆေးရန် ကျန်ရှိနေသေးကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် အမှုစုစုပေါင်း (၁၉) မှုဖြင့်တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ် (၃၃) နှစ် အထိချမှတ်ခံခဲ့ရကာ ထောင်ဒဏ် (၆) နှစ်ကို လျော့ပေါ့ပေးထားသည့်အတွက် (၂၇) နှစ် ဆက်လက်ကျခံရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here