ထိုင်းနိုင်ငံ အလုပ်ရုံ တစ်ခုတွင် မြန်မာရွှေ့ပြောင်းလုပ်သား တစ်ဦး အလုပ်လုပ်နေစဉ် ရေပူလှောင်ကန်အတွင်း ပြုတ်ကျမှုဖြစ်ပွား

0
259

ထိုင်းနိုင်ငံရှိ အလုပ်ရုံတစ်ခုတွင် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသားတစ်ဦး အမြင့် ၃/၄ မီတာရှိ ရေပူလှောင်ကန်အတွင်းသို့ ပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။

ဘန်ကောက်မြို့အနီးရှိ စမွတ်ပကန်ခရိုင်၊ ဗန်စောင်ထုံမြို့နယ် အလုပ်ရုံတစ်ခုတွင် မြန်မာရွှေ့ပြောင်း လုပ်သားမှာ တစ်ဦးတည်း အလုပ်လုပ်ကိုင်နေခဲ့စဉ် ရေပူလှောင်ကန်အတွင်း ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

“မြန်မာတစ်ဦး အမြင့် ၃/၄ မီတာရှိတဲ့ ရေပူလှောင်ကန်တွင်း ပြုတ်ကျမိခဲ့ပါတယ်။ အဲ့ဒီရေပူလှောင်ကန်က ရေအေးအဖြစ် ပြန်လည်အသုံးပြုရန် အမြှုပ်တွေကို ပက်ဖြန်းဖို့ သိုလှောင်ထားတာပါ။ သူတစ်ဦးတည်း အလုပ်လုပ်ကိုင်နေစဉ်ဖြစ်ပွားခဲ့တာပါ”ဟု ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေး ကူညီလုပ်ကိုင်ပေးနေသူ တစ်ဦးက ပြောသည်။

အဆိုပါ ရေပူလှောင်ကန်မှာ ရေအေးအဖြစ် ပြန်လည်အသုံးပြုရန် အမြှုပ်များကို ပက်ဖြန်းရန် သိုလောင်ထားသည့် ကန်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here