နာဇီလက်သစ်ဝါဒကို တိုက်ဖျက်ရန် “ရုရှား ဆုံးဖြတ်ချက်”ကို ကုလသမဂ္ဂ အထွေထွေညီလာခံ အတည်ပြု

0
249

လူမျိုးရေးခွဲခြားမှုနှင့် မျက်ကန်းမျိုးချစ်စိတ်များကို လှုံ့ဆော်ပေးသည့် နာဇီဝါဒ၊ နာဇီလက်သစ်ဝါဒနှင့် အလားတူအလေ့အကျင့်များကို ချီးမြှောက်ခြင်းအား တိုက်ဖျက်ရန် ကုလသမဂ္ဂအထွေထွေညီလာခံက “ရုရှားဆုံးဖြတ်ချက်(Russian Resolution)”ကို ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါစာတမ်းကို နိုင်ငံပေါင်း ၁၁၈ နိုင်ငံက ထောက်ခံခဲ့ပြီး ကနေဒါ၊ အမေရိကန်၊ ယူကရိန်းနှင့် ဂျပန်တို့ အပါအဝင် ၄၉ နိုင်ငံက ကန့်ကွက်မဲပေးခဲ့သည်။ ၁၄ နိုင်ငံက ကြားနေခဲ့သည်။

“နာဇီဝါဒကို ချီးမြှောက်ခြင်း၊ နာဇီလက်သစ်ဝါဒနှင့် ခေတ်ပြိုင်လူမျိုးရေးခွဲခြားမှု၊ မျက်ကန်းမျိုးချစ်များကိုလှုံ့ဆော်ပေးသည့် အခြားကျင့်ထုံးများကို တိုက်ဖျက်ခြင်း”ဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါဆုံးဖြတ်ချက်ကို ရုရှား၊ ဘီလာရုစ် နှင့် ဆီးရီးယား အပါအဝင် အခြားနိုင်ငံအများအပြားက ပူးတွဲရေးသားခဲ့ခြင်းဖြစ်သည်။

နာဇီဝါဒကို ချီးမြှောက်ခြင်းနှင့် ဝါဒဖြန့်ခြင်းဆိုင်ရာတို့ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့် သမိုင်းအမှန်တရားကို ထိန်းသိမ်းရန် ကြိုးပမ်းမှုများကို ကြိုဆိုသည့် ပြဋ္ဌာန်းချက်များပါရှိသည်။

လူမျိုးစုကိုအခြေခံခြင်း သို့မဟုတ် ဘာသာရေးယုံကြည်ချက်အပေါ် အခြေခံ၍ လူပုဂ္ဂိုလ် သို့မဟုတ် လူ့အဖွဲ့အစည်းအပေါ် နှောင့်ယှက်မှု သို့မဟုတ် အကြမ်းဖက်မှု သို့မဟုတ် ထိုသို့ပြုလုပ်ရန် ကြိုးပမ်းမှုတို့ကိုလည်း အဆိုပါ ဆုံးဖြတ်ချက်စာတမ်းတွင် ရှုတ်ချထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here