ရုရှား ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရေးအတွက် ပြည်ဝင်ဗီဇာဖြေလျော့ပေးထားဟုပြည်ထောင်စုဝန်ကြီးပြော

0
175

မြန်မာနိုင်ငံသို့ ရုရှားခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးအတွက် ပြည်ဝင်ဗီဇာဖြေလျော့ပေးထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပပြုလုပ်သည့် စိန့်ပီတာစဘတ် နိုင်ငံတကာခရီးသွားလုပ်ငန်းဖိုရမ်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား တိုက်ရိုက်လေကြောင်းပျံသန်းမှုများလည်း ရှိလာပြီဖြစ်ပြီး ရုရှားခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရေးအတွက် ပြည်ဝင်ဗီဇာဖြေလျော့ပေးမှုများ၊ ကြိုဆိုရေးအစီအစဉ်များနှင့် မြှင့်တင်ကြော်ငြာရေးကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ထို့အပြင် မြန်မာ-ရုရှား ခရီးသွားလုပ်ငန်း ဖိုရမ်ကျင်းပနိုင်ရေးအတွက် စိန့်ပီတာစဘတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ နှစ်နိုင်ငံ အစိုးရချင်း၊ ပုဂ္ဂလိကချင်း နီးကပ်စွာ လက်တွဲ ဆောင်ရွက်သွားလိုကြောင်းလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ရေမြေတောတောင်သဘာဝအလှအပများ၊ ယဉ်ကျေးမှုအမွေအနှစ်များဖြင့် ပေါကြွယ်ဝပြီး တစ်နှစ်ပတ်လုံးခရီးသွားလာနိုင်ပြီး ခရီးသွား လုပ်ငန်းအမျိုးအစားပေါင်းစုံကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ တဖြည်းဖြည်းတိုးတက်ဝင်ရောက်လာလျက်ရှိပြီး ထိုင်း၊ တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ ခရီးသွားများ အများဆုံးလာရောက်ခဲ့ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်၊ အိန္ဒိယနှင့် ရုရှားကဲ့သို့ မိတ်ဖက်နိုင်ငံများမှ ခရီးသွားများ လာရောက်လည်ပတ်နိုင်ရေး မျှော်မှန်းထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here