အစ္စရေးပိုင် သင်္ဘောများအား မလေးရှား ဆိပ်ကမ်းများသို့ ဆိုက်ကပ်ခွင့် ပိတ်ပင်    

0
323

အစ္စရေးနိုင်ငံတော် အလံလွှင့်ထူထားတဲ့ သင်္ဘောတွေကို မလေးရှားနိုင်ငံ ဆိပ်ကမ်းများမှာ ဆိုက်ကပ်ခွင့်ပြုတော့မှာ မဟုတ်ကြောင်းနဲ့ ဒီကန့်သတ်ချက်ဟာ ချက်ချင်း အာဏာသက်ရောက်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဗုဒ္ဓဟူးနေ့(ဒီဇင်ဘာ ၂၀) မှာ ကြေညာလိုက်ပါတယ်။

ဒါ့အပြင် အစ္စရေးကို သွားမယ့် မည်သည့်နိုင်ငံမှ သင်္ဘောမဆိုအနေနဲ့လည်း မလေးရှားနိုင်ငံ ဆိပ်ကမ်းတွေမှာ ကုန်တင်ခွင့်ပိတ်ပင်လိုက်တယ်လို့လည်း ဆိုခဲ့ပါတယ်။

“ဒီကန့်သတ်ချက်တွေဟာ ပါလက်စတိုင်းတွေအပေါ် ရက်စက်ကြမ်းတမ်းစွာနဲ့ အစုအပြုံလိုက်သ-တ်ဖြ-တ်မှုတွေ ဆက်လုပ်ဆောင်ပြီး နိုင်ငံတကာဥပဒေကိုချိုးဖောက်ကာ အခြေခံလူသားချင်းစာနာမှုစည်းကမ်းတွေအပေါ် မသိကျိုးကျွံ့ပြုနေတဲ့ အစ္စရေးကို တုန့်ပြန်လိုက်ခြင်းဖြစ်ပါတယ်” လို့ ဘဏ္ဍာရေးဝန်ကြီးတာဝန်လည်းယူထားသူ အန်ဝါက ပြောဆိုသွားပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ မလေးရှားနိုင်ငံရဲ့ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းစဉ်တွေအပေါ် သက်ရောက်မှာ မဟုတ်ဘူးလို့ အစိုးရအနေနဲ့ ယုံကြည်ကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အစ္စရေးနိုင်ငံအခြေစိုက် သင်္ဘောကုမ္ပဏီ ZIM ရဲ့ သင်္ဘောတွေကို နိုင်ငံတွင်းရှိ ဘယ်ဆိပ်ကမ်းမှာမဆို ဆိုက်ကမ်းခွင့်မပြုဖို့ ချက်ချင်းအာဏာသက်ရောက်မှုနဲ့ ထပ်တိုးပိတ်ပင်လိုက်တယ်လို့လည်း အန်ဝါက ပြောဆိုသွားပါတယ်။

မလေးရှားနိုင်ငံဟာ ပါလက်စတိုင်းအရေးမှာ အခိုင်အမာ ထောက်ခံတဲ့နိုင်ငံဖြစ်ပြီး အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး လုပ်ဆောင်ခဲ့ခြင်း မရှိပါဘူး။ ဟားမတ်စ်နဲ့ ဆက်ဆံရေးကို ဖြတ်တောက်ဖို့ အနောက်နိုင်ငံတွေက သူ့အပေါ် ဖိအားပေးတာတွေကို အန်ဝါက ငြင်းဆန်ခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here