နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပရန် စီစဉ်ထား

0
308

နာဂလူမျိုးများ၏ အထွဋ်အမြတ်ထားရာ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁၅) ရက်တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း ပွဲတော်ကျင်းပရေးကော်မတီ၊ အတွင်းရေးမှူး ဦးနေမင်းသူ၏ ပြောပြချက်အရ သိရသည်။

ပွဲတော်ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တို့တွင် အလှည့်ကျ ကျင်းပကြခြင်းဖြစ်သည်။

ယမန်နှစ်က လေရှီးမြို့တွင် ကျင်းပခဲ့သဖြင့် ၂၀၂၄ ခုနှစ်တွင် ပြုလုပ်မည့် ပွဲတော်ကို နန်းယွန်းမြို့နယ်တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို နာဂလူမျိုး အသိုက်အဝန်းအတွင်း ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း အတွင်းရေးမှူး ဦးနေမင်းသူက ပြောကြားထားသည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၁ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် ကျင်းပမှုများ ရွှေ့ဆိုင်းခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here